Unicode

အခုရက်သတ္တပတ်မှာ ထွက်ရှိလာခဲ့တဲ့ Android Apps တွေထဲက စမ်းသပ်သုံးစွဲဖို့ သင့်တော်တဲ့ App အသစ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Color by Number Oil Painting

အခမဲ့ App တစ်ခုဖြစ်တဲ့ Color by Number Oil Painting ဟာ ဆေးရောင်ခြယ်စာအုပ် App တစ်ခုဖြစ်ပြီး ပါဝင်တဲ့ ပုံရိပ်တွေကလည်း နှစ်လိုဖွယ်ရှိပါတယ်။ ဒါပေမယ့် စိတ်ရှိတိုင်း ချယ်သတာမျိုးမဟုတ်ဘဲ ပေးထားတဲ့ နံပါတ်တွေအလိုက် အရောင်တွေကို ရွေးချယ်ပေးရမှာပါ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုဆေးရောင်ခြယ်ရတာ ပိုသဘောကျနိုင်ခြေ ရှိပါတယ်။ သူ့ရဲ့ဆိုးချက်က အခမဲ့သက်သက်ဆိုရင် Ads တွေ မကြာခဏတက်လာမှာဖြစ်ပြီး Ads တွေကို မမြင်ချင်ရင် တစ်လကို ဒေါ်လာ ၂၀ ခန့် ပေးသွင်းရမှာပါ။ ဒါကတော့ ဆေးရောင်ခြယ် App တစ်ခုအနေနဲ့ အတော်လွန်တယ်လို့ ဆိုနိုင်တဲ့ ပမာဏဖြစ်တာကြောင့် အခမဲ့ပဲ သည်းခံပြီးသုံးတာ ပိုကောင်းပါလိမ့်မယ်။

Warface: Global Operations

အခမဲ့ Free-to-play ဂိမ်းအသစ်ဖြစ်တဲ့ Warface: Global Operations ဟာလည်း Console ဂိမ်းစက်တွေနဲ့ ကွန်ပြူတာပလက်ဖောင်းတွေပေါ်က Shooter ဂိမ်းကို မိုဘိုင်းပေါ်ယူလာတာပါ။ ယခင်ပလက်ဖောင်းတွေမှာလောက် ဆော့လို့ ကောင်းမှာမဟုတ်ပေမယ့် Pay-to-win မဟုတ်ဘဲ Customize လုပ်ဖို့သာ ငွေသုံးရမှာဖြစ်ပါတယ်။ ပုံစံက Counter-strike နဲ့ ခပ်ဆင်ဆင်ပါ။

TERA Classic

TERA Classic ကလည်း နာမည်ကျော် MMORPG ရဲ့ မိုဘိုင်းဗားရှင်းဖြစ်ပြီး အခမဲ့ဆော့နိုင်မှာပါ။ ဒီဂိမ်းမှာ ကစားသူတွေဟာ Class လေးမျိုးရွေးချယ်ဆော့ကစားနိုင်ပြီး Mount (စီးတော်မြင်း/ယာဉ်) တွေ၊ Quest ပေါင်းမြောက်များစွာ နဲ့အတူ လှပတဲ့ ဂရပ်ဖစ်၊ လွယ်ကူတဲ့ Control စနစ်တို့ ပါဝင်ပါတယ်။ အခြား မိုဘိုင်း MMORPG တွေလိုပဲ လို့ အကြမ်းဖျင်း ပြောနိုင်ပေမယ့် သူ့မှာ ကစားသမား ၅၀ ထိ ပါဝင်နိုင်တဲ့ Guild Fight တွေ ပါဝင်တာကြောင့် မိုက်ပါတယ်။ လောလောဆယ် English ဗားရှင်းထွက်လာတာကိုတော့ ခဏစောင့်ရဦးမှာပါ။

Microsoft Edge

Microsoft Edge Browser ဟာ အသစ်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် Microsoft က အခုရက်ပိုင်းမှာ ပြန်လည်ဆန်းသစ်ပြီး Chromium ဗားရှင်းကို ဘီတာအဖြစ် ထုတ်လုပ်လာခဲ့ပါတယ်။ Edge ရဲ့ Desktop ကွန်ပြူတာ ဗားရှင်းကို အသုံးပြုနေသူတွေဟာ Microsoft အကောင့်ကို မိုဘိုင်းနဲ့ Sync လုပ်ပြီး ကွန်ပြူတာမှာရော၊ မိုဘိုင်းဖုန်းမှာပါ History တစ်ခုတည်း Browser တစ်ခုတည်း ဝေမျှသုံးနေသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် ဘီတာဗားရှင်းပဲ ရှိသေးတာကြောင့် အများကြီး မျှော်လင့်လို့တော့ မရသေးပါဘူး။

Ref – Android Authority

Zawgyi

အခုရက္သတၱပတ္မွာ ထြက္ရွိလာခဲ့တဲ့ Android Apps ေတြထဲက စမ္းသပ္သုံးစြဲဖုိ႔ သင့္ေတာ္တဲ့ App အသစ္ေတြကို စုစည္းေဖာ္ျပေပးလုိက္ပါတယ္။

Color by Number Oil Painting

အခမဲ့ App တစ္ခုျဖစ္တဲ့ Color by Number Oil Painting ဟာ ေဆးေရာင္ျခယ္စာအုပ္ App တစ္ခုျဖစ္ၿပီး ပါဝင္တဲ့ ပုံရိပ္ေတြကလည္း ႏွစ္လုိဖြယ္ရွိပါတယ္။ ဒါေပမယ့္ စိတ္ရွိတုိင္း ခ်ယ္သတာမ်ဳိးမဟုတ္ဘဲ ေပးထားတဲ့ နံပါတ္ေတြအလိုက္ အေရာင္ေတြကို ေရြးခ်ယ္ေပးရမွာပါ။ တစ္ခ်ဳိ႕လူေတြအတြက္ေတာ့ ဒီလုိေဆးေရာင္ျခယ္ရတာ ပုိသေဘာက်ႏုိင္ေျခ ရွိပါတယ္။ သူ႕ရဲ႕ဆုိးခ်က္က အခမဲ့သက္သက္ဆုိရင္ Ads ေတြ မၾကာခဏတက္လာမွာျဖစ္ၿပီး Ads ေတြကို မျမင္ခ်င္ရင္ တစ္လကို ေဒၚလာ ၂၀ ခန္႔ ေပးသြင္းရမွာပါ။ ဒါကေတာ့ ေဆးေရာင္ျခယ္ App တစ္ခုအေနနဲ႔ အေတာ္လြန္တယ္လို႔ ဆုိႏုိင္တဲ့ ပမာဏျဖစ္တာေၾကာင့္ အခမဲ့ပဲ သည္းခံၿပီးသုံးတာ ပိုေကာင္းပါလိမ့္မယ္။

Warface: Global Operations

အခမဲ့ Free-to-play ဂိမ္းအသစ္ျဖစ္တဲ့ Warface: Global Operations ဟာလည္း Console ဂိမ္းစက္ေတြနဲ႔ ကြန္ျပဴတာပလက္ေဖာင္းေတြေပၚက Shooter ဂိမ္းကို မုိဘုိင္းေပၚယူလာတာပါ။ ယခင္ပလက္ေဖာင္းေတြမွာေလာက္ ေဆာ့လို႔ ေကာင္းမွာမဟုတ္ေပမယ့္ Pay-to-win မဟုတ္ဘဲ Customize လုပ္ဖို႔သာ ေငြသုံးရမွာျဖစ္ပါတယ္။ ပုံစံက Counter-strike နဲ႔ ခပ္ဆင္ဆင္ပါ။

TERA Classic

TERA Classic ကလည္း နာမည္ေက်ာ္ MMORPG ရဲ႕ မုိဘုိင္းဗားရွင္းျဖစ္ၿပီး အခမဲ့ေဆာ့ႏုိင္မွာပါ။ ဒီဂိမ္းမွာ ကစားသူေတြဟာ Class ေလးမ်ဳိးေရြးခ်ယ္ေဆာ့ကစားႏုိင္ၿပီး Mount (စီးေတာ္ျမင္း/ယာဥ္) ေတြ၊ Quest ေပါင္းေျမာက္မ်ားစြာ နဲ႔အတူ လွပတဲ့ ဂရပ္ဖစ္၊ လြယ္ကူတဲ့ Control စနစ္တုိ႔ ပါဝင္ပါတယ္။ အျခား မုိဘုိင္း MMORPG ေတြလိုပဲ လုိ႔ အၾကမ္းဖ်င္း ေျပာႏုိင္ေပမယ့္ သူ႕မွာ ကစားသမား ၅၀ ထိ ပါဝင္ႏုိင္တဲ့ Guild Fight ေတြ ပါဝင္တာေၾကာင့္ မိုက္ပါတယ္။ ေလာေလာဆယ္ English ဗားရွင္းထြက္လာတာကိုေတာ့ ခဏေစာင့္ရဦးမွာပါ။

Microsoft Edge

Microsoft Edge Browser ဟာ အသစ္လို႔ေတာ့ မေျပာႏုိင္ပါဘူး။ ဒါေပမယ့္ Microsoft က အခုရက္ပုိင္းမွာ ျပန္လည္ဆန္းသစ္ၿပီး Chromium ဗားရွင္းကို ဘီတာအျဖစ္ ထုတ္လုပ္လာခဲ့ပါတယ္။ Edge ရဲ႕ Desktop ကြန္ျပဴတာ ဗားရွင္းကို အသုံးျပဳေနသူေတြဟာ Microsoft အေကာင့္ကို မုိဘုိင္းနဲ႔ Sync လုပ္ၿပီး ကြန္ျပဴတာမွာေရာ၊ မုိဘုိင္းဖုန္းမွာပါ History တစ္ခုတည္း Browser တစ္ခုတည္း ေဝမွ်သုံးေနသလို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ ဘီတာဗားရွင္းပဲ ရွိေသးတာေၾကာင့္ အမ်ားႀကီး ေမွ်ာ္လင့္လုိ႔ေတာ့ မရေသးပါဘူး။

Ref – Android Authority