ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့၊ သောကြာနေ့တုန်းက Microsoft ရဲ့ Search engine ဖြစ်တဲ့ Bing မှာ တီရန်နန်မင်ရင်ပြင်ရဲ့ အထင်ကရမှတ်တမ်းဓါတ်ပုံဖြစ်တဲ့ “Tank Man” ရှာဖွေလို့မရ ဖြစ်ခဲ့ပါတယ်။ The Verge ရဲ့ ရေးသားဖော်ပြမှုမှာတော့ အမေရိကန်နိုင်ငံတွင်းကနေ “Tank Man” နဲ့သက်ဆိုင်တဲ့ ရုပ်ပုံကို ရှာဖွေတဲ့အခါ No image results သာ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပြဿနာကို အမေရိကန်နိုင်ငံတွင်းက Bing အသုံးပြုသူအတော်များများသာမက အခြားနိုင်ငံက အသုံးပြုသူတွေမှာလည်း ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “Tank Man” ဒါမှမဟုတ် “Tiananmen Square Tank Man” ဆိုတဲ့ ပုံမှန်ရှာဖွေမှုတွေမှာလည်း Bing ရဲ့ ရှာဖွေမှုရလဒ်ဟာ သက်ဆိုင်တဲ့ရုပ်ပုံကို ဖော်ပြခြင်းမရှိတာပဲ ဖြစ်ပါတယ်။

The Verge က ဒီရှာဖွေမှုပြဿနာနဲ့ပတ်သက်ပြီး Microsoft ကိုဆက်သွယ်မေးမြန်းတဲ့အခါ ဒီ Issue ဟာ မတော်တဆဖြစ်ရတဲ့ “Human Error” သာဖြစ်ပြီး၊ ပြေလည်အောင်ဖြေရှင်းဖို့ သွက်သွက်လက်လက်လုပ်ဆောင်နေကြပါတယ်လို့ ပြန်ပြီးဖြေကြားခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့ဟာ တရုတ်နိုင်ငံမှာ သွေးစွန်းတဲ့ သမိုင်းမှတ်တမ်းဆိုးရေ:ထိုးခဲ့တဲ့နေ့ရက် ဖြစ်ပါတယ်။ အကြောင်းကတော့ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တရုတ်ကွန်မြူနစ်အစိုးရဟာ ဘေဂျင်းရဲ့ တီယန်နန်မင်မှာ ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပြည်သူတွေကို ခြေမှုန်းရေးရိုင်ဖယ်တွေ၊ တင့်ကားတွေအသုံးပြုပြီး ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Microsoft အနေဲ့ ရှာဖွေမှုရလဒ်ကို ပြန်လည်ဖြေရှင်းပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: The Verge