Bitcoin တန်ဖိုးဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းမှာ ပထမဆုံး အကြိမ် ဒေါ်လာ ၂၀,၀၀၀ အောက် ရောက်ရှိလာပါတယ်။ Bitcoin ၁ ခုရဲ့ တန်ဖိုးဟာ လက်ရှိမှာ ဒေါ်လာ ၁၉,၃၇၂.၇ ပဲရှိပါတော့တယ်။ Bitcoin မှာ ရင်းနှီးမြှပ်နှံထားတဲ့ လျှပ်စစ်ကား ကုမ္ပဏီ Tesla ဟာ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

Bitcoin falls below $20,000 for the first time in two years – The  Observatorial

၂၀၂၁ ခုနှစ် အစောပိုင်းမှာ Tesla ဟာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး Cryptocurrency တွေကို ဝယ်ယူခဲ့ပါတယ်။ အခုတော့ Bitcoin တန်ဖိုး ကျဆင်းလာတဲ့အတွက် Tesla ဟာ ဒေါ်လာ သန်း ၅၃၀ ဝန်းကျင် ဆုံးရှုံးသွားပါတယ်။ လက်ရှိမှာ Bitcoin တန်ဖိုးဟာ ဒေါ်လာ ၁၉,၃၇၂.၇ ပဲရှိပြီး အရင်နှစ် နိုဝင်ဘာလက ဒေါ်လာ ၆၉,၀၄၄.၇၇ ပေါက်ခဲ့ပါတယ်။ ၈ လအတွင်းမှာ Bitcoin တန်ဖိုးဟာ ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။

Bitcoin falls below the $20,000 mark for the first time since December 2020

Tesla အပြင် ဘီလီယမ်နာ Michael Saylor ဦးဆောင်တဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီ MicroStrategy ဟာလည်း Bitcoin မှာ ရင်းနှီးမြှပ်နှံထားလို့ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ MicroStrategy ဟာ လက်ရှိမှာ Bitcoin ၁၂၉,၂၁၈ ကို ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၃.၉၇ ဘီလီယမ်နဲ့ ဝယ်ယူထားခဲ့တာပါ။ အခုတော့ ဒေါ်လာ ၂.၈၉၅ ဘီလီယမ်ပဲ တန်တော့တဲ့အတွက် ၁ ဘီလီယမ်ကျော် ဆုံးရှုံးသွားပါတယ်။

တွစ်တာ တည်ထောင်သူ Jack Dorsey ပိုင်တဲ့ Block ကုမ္ပဏီဟာ လက်ရှိမှာ Bitcoin ၈,၀၂၇ ပိုင်ဆိုင်ထားပြီး ဝယ်ယူချိန်က ဒေါ်လာ သန်း ၂၂၀ ပေးခဲ့ရကာ အခုတော့ ဒေါ်လာ သန်း ၁၈၀ ပဲ တန်ပါတော့တယ်။

Ref : gizchina