၂၀၂၂ ကုန်ဆုံးချိန်မှာ Cryptocurrency ဈေးကွက်ဟာ ဂယက်ပေါင်းများစွာနဲ့ နှစ်သစ်ကို ကူးပြောင်းရတော့မှာပဲ ဖြစ်ပါတယ်။ တစ်ချို့ကလည်း Crypto လောကကို ကျောခိုင်းသွားကြသလို တစ်ချို့ကလည်း Crypto လောကထဲ မွေ့လျော်နေကြဆဲ ဖြစ်ပါတယ်။

ပေါင်းစပ် Cryptocurrency တွေအားလုံးရဲ့ ဈေးကွက်တန်ဖိုးဟာ ၇၀% (ဒေါ်လာ ၇၇၀ ဘီလီယံနီးပါး) အထိ ကျဆင်းသွားတာကတော့ ဒီနှစ်ရဲ့ အိပ်မက်ဆိုးတစ်ခုလိုဖြစ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၂ ခုနှစ်အတွင်း Google မှာ ရှာဖွေခံရမှုအများဆုံး Cryptocurrency တွေလည်း ရှိနေဆဲပါပဲ။

Google မှာ ရှာဖွေသူတွေအနက် ၂၈% ဟာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်ဖြစ်ပြီး၊ ၂၂% ကတော့ စူးစမ်းလိုတာကြောင့် ဖြစ်ပါတယ်။ အခြား ၂၁% ကတော့ ကာလတို ဈေးကစားဖို့အတွက်ဖြစ်ပြီး ကျန်ရာခိုင်နှုန်းတွေကတော့ အခြားသော ရည်ရွယ်ချက်တွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

DollorGeek ရဲ့ သီးခြားသုတေသနပြုလုပ်ချက်အရ ၂၀၂၂ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်းရှာဖွေခံရမှုအများဆုံး Coin တွေကတော့ Bitcoin, Shiba Inu, Dogecoin, Ethereum, Avalanche, Litecoin, Cardano, XRP, Safemoon, Nexus စတာတွေပဲ ဖြစ်ပါတယ်။ Bitcoin ကတော့ လစဉ်ရှာဖွေခံရမှုနှုန်း၂၈.၄၁ ဘီလီယံ အထိရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယနေရာမှာ ရှိနေတာကတော့ Dogecoin ဖြစ်ပါတယ်။ Dogecoin ကို ရှာဖွေမှုများတာက ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပြီး အမေရိကန်ပြည်တွင်းမှာတော့ Shiba Inu လောက် ရှာဖွေခြင်း မခံရပါဘူး။ Shiba Inu ကတော့ အမေရိကန်ပြည်တွင်းမှာ ရှာဖွေခံရမှုပိုများပြီး ကမ္ဘာတစ်ဝန်းရှာဖွေမှုကတော့ ၄ သန်းကျော်ပဲ ဖြစ်ပါတယ်။

Ref: COINTELEGRAPH