၂၀၂၂ ခုနှစ်ဟာ Cryptocurrency ဈေးကွက်အတွက် ရက်စက်ကြမ်းကြုတ်တဲ့ နှစ်တစ်နှစ်လို့ ဆိုရပါလိမ့်မယ်။ Crypto space ကို ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်ပေါ်စေခဲ့ပြီး US ရဲ့ အကြီးဆုံး လူသိများတဲ့ Crypto mining ကုမ္ပဏီတစ်ခုဖြစ်တဲ့ Core Scientific ဟာ Crypto ဈေးနှုန်းတွေကျဆင်းခြင်း၊ စွမ်းအင်ကုန်ကျစရိတ်မြင့်တက်လာခြင်းတွေကို အကြောင်းပြုပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က ဒေဝါလီခံဖို့ လျှောက်ထားခဲ့ပါတယ်။

တစ်ချိန်က အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ တန်ဖိုးရှိခဲ့တဲ့ ကုမ္ပဏီကြီးဟာ အခုအချိန်မှာတော့ ချွတ်ခြုံကျနေတဲ့ Crypto ကုန်သွယ်မှုပလပ်ဖောင်းဖြစ်တဲ့ FTX ရဲ့ပေါက်ကွဲမှုနဲ့အတူ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ဖြိုခွဲခဲ့ပါတယ်။ “Cryptocurrency ဟာ မှန်းဆနိုင်တဲ့ ရူးသွပ်မှုတစ်ခုသာဖြစ်ပြီး၊ ဒီစက်မှုလုပ်ငန်းဟာ လူလိမ်တွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို အမေရိကန်အများအပြား သိလာကြပြီ” လို့ Bankrate က အဓိကသတင်းထောက် James Royal က CNBC ကို ပြောခဲ့ပါတယ်။

အခုအချိန်မှာ အမေရိကန်လူမျိုး ၆၀% လောက်က ဒစ်ဂျစ်တယ်ငွေကြေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အန္တရာယ်များလွန်းတယ်လို့ ယုံကြည်လာကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ဒီလိုယုံကြည်တဲ့ရာခိုင်နှုန်းဟာ ၄၅% လောက်သာရှိခဲ့တာဖြစ်ပါတယ်။ Momentive နဲ့ ပူးပေါင်းပြုလုပ်တဲ့ Your Money စစ်တမ်းအရ အခြား ၂၆% ကတော့ တော်ရုံတန်ရုံပဲ အန္တရာယ်ရှိတယ်လို့ ယုံကြည်ကြောင်း သိရပါတယ်။ CNBC All-American Economic Survey အရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ အမေရိကန်လူမျိုးတွေရဲ့ ၈% ကပဲ Cryptocurrency ပေါ် အပြုသဘောဆောင်တဲ့ အမြင်ရှိနေတာကို တွေ့ရပါတယ်။

ယေဘုယျအားဖြင့် Crypto ဈေးကွက်ဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံကျော် ဆုံးရှုံးခဲ့ပြီး Bitcoin လိုမျိုး လူကြိုက်များတဲ့ ဒစ်ဂျစ်တယ်ကွိုင်တွေဟာ ၂၀၂၁ ခုနှစ်မှာရှိခဲ့တဲ့ သူတို့ရဲ့ အမြင့်ဆုံးအဆင့်တွေအောက်ကို ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ CNBC ရဲ့ တွက်ချက်မှုအရ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ၂၀၂၂ ခုနှစ်မှာ လူကြိုက်များတဲ့ Cryptocurrencies ၇ ခုရဲ့ တန်ဖိုးဟာ အောက်ပါအတိုင်း သိသိသာသာပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။

Terra: -100%
Solana: -93%
AMP: -93%
Cardano: -80%
Ether: -67%
Bitcoin: -63%
Dogecoin: -55%

Crypto ဟာ ခန့်မှန်းမရတဲ့ ဈေးနှုန်းအတက်အကျတွေနဲ့ ကျဆင်းမှုတွေကြောင့် အလွန်မတည်ငြိမ်တဲ့ ပိုင်ဆိုင်မှုတစ်ခုလို့ ယူဆမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက “မိမိအဆုံးရှုံးခံနိုင်တဲ့ ပမာဏထက်ပိုပြီးတော့ Crypto မှာ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ကြရန်” ဆိုတဲ့ အကြံဉာဏ်ကို ပေးလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

Ref: GNBC