ကမ္ဘာ့အကြီးမားဆုံး Cryptocurrency ဖြစ်တဲ့ Bitcoin ရဲ့ တန်ဖိုးဟာ ဒီဇင်ဘာလ ၅ ရက်နေ့က ဒေါ်လာ ၁ သိန်းကျော်သွားပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အမြင့်ဆုံး ဈေးနှုန်းကို ရောက်လာတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ဟာ ဒစ်ဂျစ်တယ် ငွေကြေးကို ထောက်ခံအားပေးမယ်လို့ ပြောထားပြီး သူ့ကြောင့် Bitcoin ဈေးတွေ တက်လာတာလို့ ထင်မြင်ယူဆချက်တွေ ရှိနေပါတယ်။

Bitcoin price surpassed $100,000 for the first time on December 5, hitting a new all-time high, fueled by expectations of a favourable regulatory environment under President-elect Donald Trump.

အခု စာရေးနေတဲ့အချိန်အထိ Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၂,၃၈၈.၄၆ ဖြစ်နေတယ်လို့ Coinmarketcap ရဲ့ ဒေတာမှာ ဖော်ပြထားပါတယ်။

Bitcoin surges above $100,000 for the first time as Trump picks pro-crypto SEC chair | CNN Business

ဒါဟာ Bitcoin ကို စတင်ဖန်တီးပြီး ၁၆ နှစ်အတွင်းမှာ ဈေးနှုန်း အမြင့်မားဆုံးကို ရောက်လာတာ ဖြစ်ပါတယ်။ Bitcoin ဈေးနှုန်းဟာ နှစ်ပေါင်းများစွာ အတွင်း အတက်၊ အကျများစွာ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အနိမ့်ဆုံး အနေနဲ့ ဒေါ်လာ ၁၆,၀၀၀ ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ Bitcoin တန်ဖိုးဟာ ၂ ဆကျော် မြင့်မားခဲ့ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် Bitcoin တန်ဖိုးဟာ ၄၅ ရာခိုင်နှုန်းတောင် တက်လာခဲ့ပါတယ်။

Ref: Livemint