Xiaomi ရဲ့ Gaming Series ဖြစ်တဲ့ Black Shark ဖုန်းတွေဟာ Software ပိုင်းမှာ MIUI အစား JoyUI ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Black Shark 2 Gaming Phone အတွက် Android 10 ကို အခြေခံထားတဲ့ JoyUI 11 Update ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ JoyUI 11 Update ဟာ စစခြင်းအသုတ်အနေနဲ့ပဲ မိတ်ဆက်ထားတာဖြစ်တဲ့အတွက် တချို့သော Black Shark 2 စမတ်ဖုန်းတွေပဲ လောလာဆယ်မှာ Update ရရှိဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းလာမယ့် မေလ ၆ ရက်နေ့နောက်ပိုင်းမှာတော့ တခြားသော Device အားလုံးအတွက် Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Android 10 အခြေခံထားတဲ့ JoyUI 11 Update ဟာ File Size အနေနဲ့ 1.9GB Download ပြုလုပ်ရမှာဖြစ်ပြီးတော့ ပြောင်းလဲမှုတွေလည်းအများအပြားပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေထဲမှာ File Manager အသစ်၊ Navigation Gesture ပိုင်းနဲ့ Gaming Center ပိုင်းပြောင်းလဲမှုတွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Black Shark Theme အသစ်တွေပါဝင်လာတဲ့ UI Update ကိုလည်း ရရှိမှာပါ။

Xiaomi ရဲ့ ပြောကြားချက်အရတော့ အခု Black Shark 2 ဖုန်းအပြင် Black Shark 2 Pro ဖုန်းအတွက်လည်း လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာစတင်ပြီးတော့ JoyUI 11 Update ကို ရရှိသွားမယ်လို့ သိရှိရပါတယ်။

Ref – GSM Arena