လာမယ့်မတ်လ ၃ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Black Shark 3 Gaming ဖုန်းသစ်ဟာ AnTuTu Benchmark စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ပြီးနောက် အဓိက Specs အချို့ကိုပါ မြင်တွေ့ရစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကုမ္ပဏီဟာ ဒီဖုန်းရဲ့ Battery ပမာဏနဲ့ Charging Speed တို့ပါဝင်တဲ့ တရားဝင်ပိုစတာတစ်ခုကိုလည်း တင်လာခဲ့ပါတယ်။

မော်ဒယ်နံပါတ် MBU-A0 လို့ သတ်မှတ်ထားတဲ့ Black Shark 3 ဟာ အတွင်းမှာ Snapdragon 865 SoC အသုံးပြုထားပြီး Android 10 OS တစ်ပါတည်း ထည့်သွင်းထားပါတယ်။

အခု AnTuTu မှာမြင်ရတဲ့ဗားရှင်းမှာတော့ 12GB RAM / 512GB Storage မန်မိုရီအတွဲကို အသုံးပြုထားကာ တကယ်တမ်းရောင်းချရင်တော့ ဒီထက်နည်းတဲ့ Memory Combo တွေကိုလည်း မြင်ရမှာပါ။ ဒါပေမယ့် 16GB RAM ဗားရှင်းလည်း ထုတ်ဦးမယ်လို့ ကြားထားရတာကြောင့် ပိုမြင့်တဲ့ဗားရှင်းကိုလည်း မြင်ကောင်းမြင်ရနိုင်ပါတယ်။

AnTuTu ရဲ့အချက်အလက်ထဲမှာ Black Shark 3 ဟာ 3120 x 1440p Resolution နဲ့ Display ပါဝင်ကြောင်း မြင်တွေ့ရပြီး 120Hz Refresh Rate နဲ့လို့ သတင်းထွက်ထားပါတယ်။ ဒီဖုန်းဟာ AnTuTu မှာ စုစုပေါင်းရလဒ် 612,651 ထိ ရရှိခဲ့ကာ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ ရမှတ်ခြောက်သိန်းနီးပါးနဲ့ Vivo iQOO 3 5G ထက်တောင် များနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်းဈေးကွက်ထဲဝင်လာတဲ့အချိန်မှ သူ့ရဲ့စွမ်းဆောင်ရည်ကို ထပ်မံအတည်ပြုနိုင်မှာဖြစ်ပါတယ်။

Black Shark 3 ဟာ အရင်က 5,000 mAh ဘက္ထရီနဲ့ 65W Charging နည်းပညာတို့ ပါဝင်လာဖို့ သတင်းထွက်ထားတာပါ။ ဒီသတင်းထဲက Charging အမြန်နှုန်းကတော့ မှန်ကန်ခဲ့ပြီး Official Teaser ပိုစတာမှာ ဘက္ထရီပမာဏကို 4,720 mAh လို့ဖော်ပြထားပါတယ်။

Ref – GSM Arena