Xiaomi ရဲ့ Gaming ဖုန်းတွေ ထုတ်လုပ်နေတဲ့ Black Shark Brand ဟာ မတ်လမှာ ဖုန်း အသစ်တွေကို တရုတ်မှာ ရောင်းချခဲ့ပါတယ်။ အခုတော့ ဥရောပမှာ Black Shark 3 နဲ့ Black Shark 3 Pro ကို  ရောင်းပေးတော့မှာဖြစ်ပေမယ့် ဈေးကို မသိရသေးပါဘူး။

Black Shark 3 မှာ ၆.၆၇ လက်မ 1080x2400p AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါပါတယ်။ Snapdragon 865 SoC မောင်းနှင်ထားပြီး 8 or 12GB RAM , 256GB UFS 3.0 Storage တွေ ထည့်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံး ပါလာပြီး 64MP Main , 13MP Ultrawide , 5MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပြီး စတီရီယို စပီကာနဲ့ 65W Fast Charging ပါတဲ့ 4,720mAh ဘက်ထရီတွေ ထည့်ထားပါတယ်။ ၃၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး Android 10 မောင်းနှင်ထားပါတယ်။

Pro Version မှာ ပိုကြီးတဲ့ ၇.၁ လက်မ 1440x3120p AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate တွေ ပါပါတယ်။ 256GB ကနေ 512GB Storage အထိ ရွေးချယ်နိုင်ပြီး ပိုကြီးတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ ၃၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 65W Charger ထည့်ထားပါတယ်။  Black Shark က ဖုန်းဝယ်ယူမယ့် လူတွေအတွက် ငွေသား ကူပွန်တွေကိုလည်း မဲဖောက်ပေးနေပါတယ်။

Ref : gsmarena