ကနဦးတုန်းကတော့ Black Shark 3 ကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတာပါ။ အခု တရားဝင်ထုတ်ပြန်လိုက်တော့ မတ်လ ၃ ရက်နေ့ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ 5G ဂိမ်းမင်းဖုန်းသစ်ကို ပွဲထုတ်ဖို့ အဆင်သင့်ပဲလို့ သိရပါတယ်။

Black Shark 3 5G ဟာ Snapdragon 865 SoC နဲ့ဖြစ်ပြီး 16GB of RAM နဲ့တွဲဖက်ထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ဂိမ်းမင်းဖုန်းတစ်လုံးမှာရှိသင့်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ 120Hz refresh rate နဲ့ QHD အမျိုးအစား လို့ သိရပါတယ်။ ဘက်ထရီပိုင်းကလည်း 5,000mAh ပမာဏဖြစ်ပြီး 65W အမြန်အားသွင်းစနစ်နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာဘဲ Black Shark ဟာ သူ့ရဲ့ လုပ်ငန်းမိတ်ဖက်ဖြစ်တဲ့ ဧရာမနည်းပညာကုမ္ပဏီကြီး Tencent နဲ့အတူ Special Edition ဂိမ်းမင်းဖုန်းကို ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ် Black Shark ဂိမ်းမင်းဖုန်းတွေအတွက် Software optimization လည်းပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Black Shark 3 Event အတွက် Post ကို တရုတ်လူမှုကွန်ရက် Weibo မှာ တရားဝင်လွှင့်တင်ခဲ့တာဖြစ်ပြီး Tencent Black Shark 3 အမည်ရှိ Device ကနေ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မတ်လ ၃ ရက်နေ့ Event မှာ ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းပြီးပြုလုပ်တဲ့ ပထမဆုံး ထုတ်ကုန်ကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena