Black Shark ဟာ သူတို့ရဲ့ Gaming ဖုန်းသစ် Black Shark 3 အား လာမယ့်မတ်လ ၃ ရက်နေ့မှာ တရုတ်ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်မယ်လို့ အတည်ပြုပြီးသားပါ။ မော်ဒယ်နံပါတ် KLE-A0 နဲ့ MBU-A0 အမည်ရှိတဲ့ Black Shark စမတ်ဖုန်းနှစ်လုံးကို 3C ဆိုက်ပေါ်မှာ တွေ့ခဲ့ရပြီး Black Shark 3 နဲ့ Black Shark 3 Pro အဖြစ် မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

3C မှ Screenshot တွေမှာ မြင်ရတဲ့အတိုင်းဆိုရင် ဒီဟန်းဆက်နှစ်မျိုးလုံးက 5G ဆက်သွယ်နိုင်စွမ်း ပါဝင်မှာပါ။ ဒါ့အပြင် 65W Fast Charging စနစ်ကိုလည်း စမတ်ဖုန်းနှစ်ခုလုံးမှာ တွေ့ရပါတယ်။

Geekbench ပေါ်မှ MBU-A0 စမတ်ဖုန်းဟာ Single-core စမ်းသပ်ချက်မှာ 901 မှတ် ရထားပြီး Multi-core မှာတော့ 3,015 ထိ ရရှိထားပါတယ်။ Android 10 OS ကိုတစ်ပါတည်း ထည့်သွင်းထားပြီး 1.80GHz ရှိတဲ့ Qualcomm ချစ်ပ်ဆက်ကို အသုံးပြုထားတာကြောင့် Snapdragon 865 လို့ယူဆရပါတယ်။ LPDDR5 အမျိုးအစားလို့ သတင်းထွက်ထားတဲ့ RAM မန်မိုရီကတော့ 8GB ပမာဏနဲ့ အစမ်းသပ်ခံထားပါတယ်။

Black Shark 3 စမတ်ဖုန်းနှစ်လုံးနဲ့ ပတ်သက်ပြီး Specs အများစုကို အတည်မပြုနိုင်သေးပါဘူး။ မကြာသေးခင်ကတော့ Black Shark 3 မှာ 65W အားသွင်းစနစ်နဲ့ 5,000 mAh ဘက္ထရီကြီး ပါလာမယ်လို့ သိထားရပါတယ်။ ဒါ့အပြင် Black Shark ဟာ တရုတ်အခြေစိုက် ကမ္ဘာကျော်ဂိမ်းကုမ္ပဏီဖြစ်တဲ့ Tencent နဲ့ ပူးပေါင်းပြီး Black Shark 3 စီးရီးကို ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီဖုန်းအသစ်မှာ 120Hz Refresh Rate နဲ့ အမြင့်ဆုံး 16GB RAM ထိ ပါဝင်မယ်လို့လည်း သတင်းထွက်ထားပါတယ်။

Ref – Gizmo China