ကြိုတင်ကြေညာထားတဲ့အတိုင်းပဲ Black Shark 3S ကို မိတ်ဆက်လိုက်ပါပြီ။ ဒီဟန်းဆက်ဟာ Xiaomi နဲ့ Tencent Game တို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ တတိယမြောက် ဂိမ်းမင်းစမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Black Shark 3S ဟာ လက်ရှိအချိန်မှာတော့ တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ရရှိဦးမှာပါ။

Black Shark 3S ကို Skyfall Black နဲ့ Crystal Blue ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ RAM ကတော့ 12GB တစ်မျိုးတည်း ရရှိပေမယ့် သိုလှောင်မှုပမာဏကိုတော့ 128GB, 256GB, 512GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ 3,999 yuan ($573) ၇ သိန်း ၈ သောင်းဝန်းကျင်, 4,299 yuan ($616) ၈ သိန်း ၄ သောင်းဝန်းကျင်, and 4,799 yuan ($687) ၉ သိန်း ၄ သောင်းဝန်းကျင်၊ စသဖြင့် အသီးသီး ဖြစ်ကြပါတယ်။

ဒီဂိမ်းမင်းစမတ်ဖုန်းအသစ်ဟာ Qualcomm Snapdragon 865 Chipset ကို LPDDR5 RAM နဲ့တွဲဖက်ထားပြီး သိုလှောင်မှုက UFS 3.1 ဖြစ်ပါတယ်။ 6.67-inch AMOLED မျက်နှာပြင်က 120Hz refresh rate နဲ့ 270Hz touch sampling rate ကို ထောက်ပံ့ပေးပါတယ်။ Touch response rate က 17ms ဖြစ်ပါတယ်။ ဂိမ်းကစားသူတွေအတွက် အမြင်အာရုံကာကွယ်မှုတွေအပြင် ချောမွေ့တဲ့ဂိမ်းကစားမှုအတွေ့အကြုံရရှိအောင်လည်း အခြားလုပ်ဆောင်ချက်တွေ ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ In-house Game Engine နဲ့ Tencent SolarCore တို့ကလည်း ပိုပြီးကောင်းမွန်တဲ့ ဂိမ်းကစားမှုအတွေ့အကြုံကို ယူဆောင်ပေးမယ်လို့လည်း သိရပါတယ်။ Black Shark 3S ဟာ ကျောဘက်မှာ 64MP (wide) + 13MP (ultra-wide) + 5MP (depth) ကင်မရာသုံးလုံး တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ 20MP selfie camera တစ်လုံး တပ်ဆင်ပေးထားပါတယ်။

3.5mm headphone jack လည်း ထည့်သွင်းပေးထားသလို ကြာရှည်ဂိမ်းကစားနိုင်ဖို့ sandwich liquid cooling စနစ်နဲ့ MEMC 3.0, 3D အသံစနစ်၊ ဂိမ်းမင်းနဲ့ပတ်သက်တဲ့ Software တွေအပါအဝင်၊ voice-controlled gameplay features လည်း ပါဝင်တယ်လို့ သိရပါတယ်။ 4,720mAh ဘက်ထရီတပ်ဆင်ထားပြီး USB Type-C နဲ့ 18W magnetic charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Ref: Gizmochina