Xiaomi ရဲ့ Gaming Brand ဖြစ်တဲ့ Black Shark က လက်ရှိမှာ SD865 ပါတဲ့ ဖုန်း ၂ လုံးကို ကြေညာထားပါတယ်။ အဲဒီ ဖုန်းတွေက Black Shark 3 နဲ့ Black Shark 3 Pro တို့ ဖြစ်ပြီး အခုတော့ Black Shark က  ပိုစွမ်းရည်မြင့်တဲ့ Snapdragon 865+ Chipset  စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မှာ ဖြစ်ပါတယ်။

Black Shark 3S လို့ နာမည်ပေးထားမှာ ဖြစ်ကြောင်း Black Shark CEO က ဝီဘိုမှာ သတင်းပေးထားပါတယ်။ သူက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အများကြီး ဖြစ်ပျက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ သူ့ရဲ့ စာသားကို တိုက်ရိုက် အဓိပ္ပါယ်ဖော်လို့ မရပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာခဲ့တဲ့ Lenovo Legion Gaming Device နဲ့ Asus ROG Phone 3 တို့ကို ရည်ညွှန်းချင်ပုံရပါတယ်။ အဲဒီ Gaming စမတ်ဖုန်းတွေမှာ Snapdragon 865+ Chipset မောင်းနှင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လမှာ Black Shark 2 ကို ကြေညာခဲ့ပြီး နွေရာသီမှာ မျိုးဆက်သစ် Black Shark 2 Pro ကို ချပြခဲ့ပါတယ်။ ဒီနှစ်မှာလည်း အဲဒီအချိန်အတိုင်း ကြေညာနိုင်ပါတယ်။ Black Shark 3S မှာ Snapdragon 865+ , UFS 3.1 Storage နဲ့ 120Hz Refresh Rate တွေ ထည့်သွင်းထားနိုင်ပါတယ်။ 3 Pro မှာ 65W Fast Charging ထောက်ပံ့ပေးထားပြီး Xiaomi ဟာ 120W Charging နည်းပညာကို ဖန်တီးထားတဲ့အတွက် 3S မှာ ပွဲထုတ်နိုင်ပါတယ်။

Ref : gsmarena