Qualcomm က မကြာခင်ကပဲ Snapdragon 865+ Chipset ကို ကြေညာလိုက်ပြီး စမတ်ဖုန်း ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖုန်းတွေမှာ အဲဒီ Chipset ကို အစောဆုံး ထည့်သွင်းနိုင်အောင် ပြိုင်ဆိုင်လာကြပါတယ်။ Asus , Lenovo နဲ့ Samsung တို့ဟာ SD865+ ပါတဲ့ ဖုန်းအသစ်တွေကို ကြေညာထားပြီးပြီ ဖြစ်ပြီး Gaming ဖုန်းတွေကလည်း အဲဒီ လမ်းစဉ်ကို လိုက်တော့မှာပါ။

Black Shark ရဲ့ Brand Manager ဖြစ်သူက Black Shark 3S ကို ဝီဘိုမှာ မကြာခင်က Tease လုပ်ခဲ့ပြီး အခုတော့ ကြေညာမယ့် ရက်ကို သိလိုက်ရပါပြီ။ ဒီလ ၃၁ ရက်နေ့မှာ Tencent Version နဲ့အတူ ကြေညာတော့မှာဖြစ်ပါတယ်။

Balck Shark 3S မှာ Snapdragon 865+ Chipset ပါလာမှာ သေချာသလောက်ရှိပြီး Black Shark 3 Pro ရဲ့  90Hz Refresh Rate ထက် မြင့်တဲ့ 144Hz ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်တွေနဲ့ တူညီနိုင်ပြီး အနောက်ဘက်မှာ တြိဂံပုံ မှန်ချပ် ဒီဇိုင်း ပါလာနိုင်ပါတယ်။ Physical Trigger Keys တွေပါလာမှာ ဖြစ်ပြီး 65W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။ Xiaomi ဟာ 120W Charging နည်းပညာကို မှတ်ပုံတင်ထားပြီးပြီ ဖြစ်တဲ့အတွက် Black Shark 3S မှာ အဲဒီ နည်းပညာနဲ့ ပွဲကြမ်းထားနိုင်ပါတယ်။

Ref : gsmarena