Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Black Shark ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Qualcomm Snapdragon 888 Chipset နဲ့ Black Shark 4 Gaming Phone ကို မိတ်ဆက်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Black Shark 4 ဖုန်းဟာ 4500mAh Battery ကို 120W Fast Charging ပါဝင်မှာဖြစ်ပြီး 0-100% ကို ၁၅ မိနစ်အတွင်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။

အခုလည်း Black Shark ရဲ့ CEO ကနေ Weibo စာမျက်နှာမှာ Black Shark 4 စမတ်ဖုန်းရဲ့ Performance ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါက Prototype Black Shark 4 နဲ့ Antutu Benchmark ကိုစမ်းသပ်ထားတဲ့ Screenshot ဖြစ်ပြီး ရမှတ်အနေနဲ့ 788,505 Points အထိ ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Black Shark 4 စမတ်ဖုန်းဟာ Antutu Benchmark အရ စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းဖြစ်လာပြီး တခြားသော Snapdragon 888 ဖုန်းတွေဖြစ်တဲ့ Xiaomi Mi 11 ၊ iQOO 7 နဲ့ OPPO Find X3 ဖုန်းတွေထက်တောင် ပိုကောင်းနေတာဖြစ်ပါတယ်။ ဒါကလည်း Gaming Phone တစ်လုံးဖြစ်တဲ့အတွက် Cooling ပိုင်းပိုမိုကောင်းမွန်သလို Processor ကိုပါ Optimized ပြုလုပ်ထားတဲ့အတွက် အခုလိုမျိုး အမှတ်အများဆုံးရရှိတာဖြစ်နိုင်ပါတယ်။

အခုလိုမျိုး အမှတ်အများဆုံးနေရာကို ရရှိထားပေမယ့်လည်း Black Shark CEO ကတော့ တရားဝင်မိတ်ဆက်တဲ့အချိန်မှာ Black Shark 4 ဟာ Antutu မှာ ရမှတ် ၈ သိန်းကျော်တဲ့အထိ ရရှိဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် ၂၀၂၁ အတွက် စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတွေထဲမှာ Black Shark 4 က ထိပ်ဆုံးက ပါဝင်နေဖို့ကျိန်းသေနေပါပြီ။

Black Shark 4 နဲ့ ပတ်သက်ပြီး တခြားသော သတင်းတွေကို အတိအကျသိရှိရခြင်းမရှိသေးဘဲ Full HD+ Resolution ထောက်ပံ့ပေးနိုင်တဲ့ OLED Display ပါဝင်မယ်ဆိုတာကိုပဲ သိရှိရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် ရက်သတ္တပတ်အတွင်းမှာ မိတ်ဆက်လာဖို့များနေတဲ့အတွက် မကြာခင် Black Shark 4 ရဲ့ Specification တွေအပြင် Design ပိုင်းပါ ပေါက်ကြားလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena