Black Shark 5 Series ကို နိုင်ငံတကာအတွက် ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးရဲ့ Specs တွေဟာ များစွာ တူညီကြပြီး ၆.၆၇ လက်မ 144Hz AMOLED FHD+ မျက်နှာပြင်နဲ့ 720Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ Magnetic Pop-up Triggers တပ်ဆင်ထားပြီး စတီရီယို စပီကာတွေ ပါလာပါတယ်။

Black Shark 5 now available globally, including in the United States - Android Authority

ဖုန်း ၂ လုံးစလုံးမှာ 4,650mAh ဘက်ထရီနဲ့ 120W Fast Charging ထည့်သွင်းထားပြီး ဘက်ထရီတွေရဲ့ Charge Cycle က ၁,၂၀၀ ဖြစ်ပါတယ်။ ဘက်ထရီ Bypass ထောက်ပံ့တဲ့အတွက် ဂိမ်း ကစားနေချိန်မှာ External Power ကို အသုံးပြုနိုင်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Snapdragon Chipset တွေ တပ်ဆင်ထားပါတယ်။ ကွဲပြားချက်က Pro မှာ Snapdragon 8 Gen 1 နဲ့ ပိုမြန်တဲ့ RAM ပါပြီး ရိုးရိုး မော်ဒယ်မှာ Snapdragon 870 Chipset သုံးထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 12 အခြေပြု JoyUI 13 မောင်းနှင်ထားပါတယ်။

နောက်ထပ် ကွဲပြားချက်က ကင်မရာဖြစ်ပြီး Pro မှာ 108MP Main ကင်မရာနဲ့ ရိုးရိုး မော်ဒယ်မှာ 64MP Main ကင်မရာ သုံးထားပါတယ်။ Pro မှာ ပိုကောင်းတဲ့ 5MP Tele-macro ကင်မရာ တပ်ဆင်ထားပါတယ်။

ဖုန်း ၂ လုံးရဲ့ နိုင်ငံတကာ ဈေးနှုန်းကို အောက်က ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်တွေအနေနဲ့ Black Shark 5 ဟာ မြန်မာငွေ ၁,၀၂၀,၀၀၀ နဲ့ Black Shark 5 Pro ဟာ ၁,၄၉၀,၀၀၀ ဝန်းကျင် ရှိပါတယ်။

Ref : gsmarena