Black Shark 5 စမတ်ဖုန်း ၃ လုံးကို ကြေညာလိုက်ပြီ ဖြစ်ပြီး အဲဒီအထဲက စွမ်းရည် အနိမ့်ဆုံး Black Shark 5 အကြောင်းကို ပြောပြချင်ပါတယ်။ Black Shark 5 မှာ Snapdragon 870 ထည့်သွင်းထားပြီး အေးမြစေဖို့အတွက် Vapor Chamber ၂ ခု တပ်ဆင်ပေးထားပါတယ်။ Pro မှာလို SSD မပါဘဲ UFS 3.1 Storage (128/256GB) နဲ့ LPDDR5 RAM ထည့်သွင်းပေးထားပါတယ်။

Black Shark 5 highlights

တခြား မော်ဒယ်တွေနဲ့ မျက်နှာပြင် တူညီပြီး ၆.၆၇ လက်မ AMOLED ဖြစ်ကာ 144Hz Refresh Rate နဲ့ 720Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ ဂိမ်းကစားဖို့ Magnetic Shoulder Button တပ်ဆင်ထားပြီး အနောက်ဘက်မှာ 64+13+5MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါပါတယ်။

ဘက်ထရီက Pro နဲ့ တူညီပြီး 4,650mAh ဖြစ်ကာ 120W Fast Charging ပါလာပါတယ်။ အားသွင်းတဲ့ Mode ၂ ခု ထည့်ထားပြီး ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်သလို ၂၄ မိနစ်ကြာတဲ့အထိ အားသွင်းနိုင်ပါတယ်။ ဂိမ်း ကစားနေချိန် အားသွင်းထားရင် ဘက်ထရီကို မသုံးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။

ဧပြီလ ၂ ရက်နေ့ တရုတ်မှာ ရောင်းချပေးမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၇၀၀ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၇၅၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena