Black Shark က မတ်လ ၃၀ ရက်နေ့မှာ Black Shark 5 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Geekbench က စာရင်းအရ Black Shark 5 နဲ့ Black Shark 5 Pro မှာ Snapdragon 870 နဲ့ Snapdragon 8 Gen 1 Chipset တွေ အသီးသီး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အခုတော့ Black Shark 5 Series ရဲ့ ဘက်ထရီ အရွယ်အစားနဲ့ အားသွင်းနှုန်းတွေကို အတည်ပြုလိုက်ပါတယ်။

Black Shark 5 series battery, fast charging

ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာအရ Black Shark 5 Series မှာ 4,650mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Black Shark 5 နဲ့ 5 Pro တို့ရဲ့ ဘက်ထရီ အရွယ်အစားတွေဟာ တူညီကြမှာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 120W Fast Charging အားသွင်းနှုန်း ပါလာမှာ ဖြစ်ပါတယ်။

Black Shark 5 Series "Katyusha And Patriot" Two Models Exposure | SPARROWS NEWS

Black Shark 5 Series မှာ ဂိမ်းကစားဖို့အတွက် Physical Shoulder Buttons တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ကုမ္ပဏီက Black Shark 5 Series မှာ 720Hz Touch Sampling Rate ထည့်သွင်းထားမှာ ဖြစ်ကာ အရင်မျိုးဆက်ထက် Touch Response Speed ဟာ ၁၅ ရာခိုင်နှုန်း ပိုကောင်းလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အရင်က ပေါက်ကြားသတင်းတွေအရ Black Shark 5 နဲ့ 5 Pro မှာ ၆.၆၇ လက်မ AMOLED Full HD+ မျက်နှာပြင်ထည့်သွင်းထားမှာ ဖြစ်ပြီး 120Hz Refresh Rate ပါလာမှာဖြစ်ကာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ Black Shark 5 Pro မှာ 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။ ဓါတ်ပုံအတွက် 108MP အပါအဝင် အနောက်ကင်မရာ ၃ လုံးနဲ့ 13MP အရှေ့ ကင်မရာ ၁ လုံး ပါလာမှာပါ။

Black Shark 5 မှာ 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး ပါလာမှာပါ။

Ref : gizmochina