Black Shark 5 Series ကို ပြီးခဲ့တဲ့ လက TENAA နဲ့ 3C မှာ တွေ့ခဲ့ကြရပြီးပြီ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက ကြေညာမယ့် နေ့ကို အတည်ပြုလိုက်ပါပြီ။ တရုတ်မှာ မတ်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီမှာ Black Shark 5 Series ကို တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

Black Shark 5, 5 Pro full specifications revealed through TENAA appearance - Gizmochina

ကုမ္ပဏီဟာ Black Shark 5 နဲ့ Black Shark 5 Pro စမတ်ဖုန်း ၂ လုံးကို ကြေညာမယ်လို့ ထင်ရပါတယ်။ Black Shark 5 Pro မှာ Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမယ်ဆိုတာ သေချာသလောက် ရှိပေမယ့် TENAA က စာရင်းအရ Black Shark 5 မှာ ခေတ်နောက်ကျနေပြီလို့ ပြောလို့ရတဲ့ Snapdragon 870 Chipset ကိုပဲ အသုံးပြုထားမှာ ဖြစ်ပါတယ်။

Xiaomi Black Shark 5 Pro specs, price and features - Specifications-Pro

Black Shark 5 Pro မှာ Black Shark 4s Pro ထက် အရွယ်အစား ပိုမို ကြီးမားတဲ့ ဘက်ထရီနဲ့ ပိုမို မြင့်မားတဲ့ Display Refresh Rate ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Black Shark ကုမ္ပဏီကို တရုတ်ရဲ့ နာမည်ကြီး ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်တဲ့ Tencent က ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref : gsmarena