BlackBerry ဟာ ယခင်တုန်းက Nokia လိုမျိုးပဲ Classic Smartphone တွေကို ထုတ်လုပ်နေပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ BlackBerry ရဲ့ ယခင်တုန်းက Classic Smartphone တွေအားလုံးအတွက် Support ပြုလုပ်နေမှုအကုန်လုံးကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ကတော့ BlackBerry OS သို့မဟုတ် BB10 OS တွေကို အသုံးပြုထားတဲ့ Classic Smartphone တွေအားလုံးဟာ လုံးဝကို ထောက်ပံ့ပေးနေမှုအားလုံးကို ရရှိတော့မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ထောက်ပံ့မှုတွေကို ရပ်ဆိုင်းတဲ့ထဲမှာ Mobile Data သို့မဟုတ် Wi-Fi ပိုင်း Error ရှိနေရင်တောင်မှ ပြန်လည်ပြင်ဆင်ပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

အခုလိုမျိုး အထောက်အပံ့ရပ်ဆိုင်းတဲ့ဖုန်းတွေထဲမှာ Android OS ကို အသုံးပြုထားတဲ့ BlackBerry ဖုန်းတွေတော့ ပါဝင်သေးခြင်းမရှိသေးဘဲ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကြမှ ထောက်ပံ့မှုရပ်ဆိုင်းခံရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် BlackBerry ဟာ အစောပိုင်းတုန်းက 5G စမတ်ဖုန်းအသစ်တွေ မိတ်ဆက်ဖို့ ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ လုံးဝမဖြစ်နိုင်တော့သလို အခုကြေညာချက်ကြောင့် နောက်ပိုင်းမှာ BlackBerry ဟာ လုံးဝသေဆုံးသွားတဲ့ Brand တစ်ခုဖြစ်သွားတော့မှာပါ။

Ref – Gizmo China