ကိုရီးယား မီဒီယာ ET News က Apple နဲ့ Samsung တို့ဟာ နောက်မျိုးဆက် စမတ်နာရီတွေမှာ သွေးတွင်း သကြား ပမာဏ တိုင်းတာတဲ့ စွမ်းရည် ထည့်သွင်းထားမယ်လို့ သတင်းပေးလာပါတယ်။ ဒီနှစ် ဒုတိယ အကြိမ် ပြုလုပ်မယ့် Samsung ရဲ့ Unpacked Event မှာ Wearable ၃ ခုကို ကြေညာမယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ Samsung ဟာ Foldable ဖုန်း အသစ်နဲ့အတူ Wearable တွေကိုပါ ချပြနိုင်ပါတယ်။ သွေးတွင်း သကြား ပမာဏတိုင်းတာတဲ့စွမ်းရည်ကို Galaxy Watch 4 သို့မဟုတ် Galaxy Watch Active3 မှာ ထည့်သွင်းထားနိုင်ပါတယ်။

Blood sugar monitoring is expected to arrive to both Apple and Samsung's next smartwatches – Droid News

သွေးတွင်း သကြား ပမာဏတိုင်းတာဖို့အတွက် Optical Sensor ၁ လုံးကို အသုံးပြုထားမှာ ဖြစ်ပြီး သွေးချို၊ ဆီးချို ရှိသူတွေအတွက် အသုံးဝင်မှာပါ။ ပုံမှန်ဆိုရင် သွေးဖောက်ပြီး တိုင်းတာတဲ့ စက်တွေကို အသုံးပြုကြတာပါ။

Apple Watch Series 5 vs. Samsung Galaxy Watch3: Which Smartwatch Is Best for You? | PCMag

Samsung သုံးမယ့် နည်းလမ်းဟာ MIT နဲ့ ပူးပေါင်း သုတေသနပြုလုပ်ထားတဲ့ Raman Spectroscopy ကို အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီ Optical Sensor ဟာ လေဆာရောင်ခြည် ထိတဲ့အခါ ဒြပ်ထု တုန်ခါမှုကြောင့် ထွက်လာတဲ့ Wavelength ကို ကောက်ယူပါတယ်။ Samsung နဲ့ MIT တို့က ဒီနည်းပညာဟာ တိကျတယ်လို့ ပြောပါတယ်။

Apple နဲ့ Samsung ဟာ Apple Watch Series 6 နဲ့ Samsung Galaxy Watch 3 မှာ ECG စွမ်းရည်ကို မိတ်ဆက်ခဲ့ပါတယ်။ ဆေးပညာနဲ့ပတ်သက်တဲ့ နည်းပညာတွေ ဖြစ်တဲ့အတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို အရင်ရယူခဲ့ရပါတယ်။ သွေးတွင်း သကြား ပမာဏ တိုင်းတာတဲ့ စွမ်းရည်ကိုလည်း အာဏာပိုင်တွေက စစ်ဆေးဦးမှာပါ။

Ref : gsmarena