အမေရိကန် အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီ BLU က တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ BLU G90 လို့ နာမည်ပေးထားပြီး ၆.၅ လက်မ IPS LCD HD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။  အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ 16MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။

G90 မှာ MediaTek Helio A25 Chipset , 4GB RAM နဲ့ 64GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 မောင်းနှင်ထားပြီး 4,000mAh ဘက်ထရီ ပါပါတယ်။ 10W Charger ထည့်ထားပြီး အကြမ်းခံတဲ့ TPU Case နဲ့ Glass Screen Protector  ပါလာပါတယ်။ Type-C Port ထည့်သွင်းထားပြီး နားကြပ်ကိုလည်း ဘူးထဲမှာ ထည့်ပေးထားပါတယ်။

အနက်၊ ပန်း၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး ၁၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ရှိပြီး အမေရိကန်မှာ Amazon ကနေ ရောင်းပေးထားပါတယ်။ BLU က G90 အပြင် G80 ကိုပါ ကြေညာလိုက်ပြီး အဲဒီ ဖုန်း ၂ လုံးရဲ့ အဓိက Specs တွေက တူညီကြပါတယ်။ ဒါပေမယ့် G80 မှာ Helio P23 SoC နဲ့ 13MP Main အနောက် ကင်မရာ ပါပါတယ်။ 3/64GB ကို ၁၄၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းလောက် ရှိပါတယ်။

Ref : gsmarena