BMW က တရုတ်မှာ i3 Sedan eDrive35L လျှပ်စစ်ကားကို ရောင်းချပေးလိုက်ပါတယ်။ BMW 3 Series ရဲ့ All-electric Version ဖြစ်ပြီး အထင်ကြီးစရာ လုပ်ဆောင်ချက် တချို့ ပါလာပါတယ်။ အဲဒီကားကို တရုတ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက မှတ်ပုံတင်ထားတာကို ပထမဆုံး အကြိမ်တွေ့ခဲ့ရဖူးပါတယ်။

BMW i3 Sedan eDrive35L

All-electric Sedan ဟာ လောင်စာဆီသုံး Version ထက် အနည်းငယ် ပိုမြင့်ပေမယ့် တခြား Specification တွေ တူညီကြပါတယ်။ အနောက်ဘက်က ဘီးအတွက် 210kW လျှပ်စစ် မော်တာ မောင်းနှင်ထားပြီး ၆ စက္ကန့်အတွင်း 0 ကနေ 100km/h မောင်းနှင်နိုင်ပါတယ်။ 70.3kWh ဘက်ထရီက ၅၂၆ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်ပါတယ်။

BMW i3 Sedan eDrive35L

BMW i3 Sedan eDrive35L အတွက် Dual Charging (AC or DC) ပံ့ပိုးပေးထားပြီး AC Port ကို ကား အရှေ့ဘက်နဲ့ AC/CD Port ကို ကား အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ DC Fast Charging (95kW) က အားသွင်းအမြန်နှုန်း အရမ်း ကောင်းပြီး ၃၅ မိနစ်အတွင်း ၀ ကနေ ၈၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

Gen5 eDrive Powertrain , Solid Suspension စနစ်နဲ့ BMW OS8 Operating System အပါအဝင် နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားပြီး ရောင်းဈေးနဲ့ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina