BOE ဟာ iPhone 13 အတွက် OLED မျက်နှာပြင်တွေထုတ်လုပ်ခြင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရပ်တန့်ထားခဲ့တာ ဖြစ်တယ်လို့ The Elec က ဖော်ပြတဲ့ သတင်းအသစ်တစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။ တရုတ် ကုမ္ပဏီကြီးဟာ 6.1-inch မော်ဒယ် iPhone 13 စီးရီးအတွက် OLED panels တွေထောက်ပံ့နေခဲ့တာ ပြီးခဲ့တဲ့နှစ်ကတည်းက ဖြစ်ပါတယ်။

ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရတဲ့အကြောင်းအရင်းက LX Semicon ကနေ ရယူနေတဲ့ Display driver ICs တွေ ထပ်ပြီးမရတော့ဘဲ ပြတ်လပ်သွားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီ IC တွေကို BOE ထက် LG Display ကို ပိုပြီးထောက်ပံ့ပေးနေရတာကြောင့်လို့လည်း The Elec က ဆိုပါတယ်။

ဒီအတွက် နောက်ဆက်တွဲကတော့ BOE ဟာ Thin-film transistor ရဲ့ Circuit width ကို ချဲ့ထွင်တာလိုမျိုး OLED panel တွေရဲ့ ဒီဇိုင်းကို ပြောင်းလဲတာမျိုးဖြစ်ဖွယ်ရှိပြီး ဒီအကြောင်းကို Apple က ရှာဖွေတွေ့ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ The Elec က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါဟာ ဖုန်းရဲ့အတွင်းပိုင်း Architecture ကို ထိခိုက်စေနိုင်ပြီး Apple က OLED panel ထုတ်လုပ်မှုကို ရပ်တန့်ထားဖို့ BOE ကို အကြောင်းကြားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမဲ့ ဒီပြဿနာဟာ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်ချိုးဖျက်ခြင်းမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားပါသေးတယ်။ Apple ဟာ Samsung နဲ့ LG တို့ကို မှီခိုအားထားနေရခြင်းလျှော့ချဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ညှိနှိုင်းမှုအနေအထားရှိစေဖို့အတွက် သူ့ရဲ့ OLED suppliers တွေကို ဖြန့်ကျက်ထားရှိဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena