Bored Ape Yacht Club ရဲ့ NFTs or Non-fungible Token ကြမ်းခင်းဈေးဟာ ပထမဆုံး အကြိမ် အနေနဲ့ CryptoPunks ထက် ပိုများလာတယ်လို့ The Block Crypto ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

Golden Bored Ape

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ Bored Ape Yacht Club ရဲ့ အနိမ့်ဆုံးဈေးဟာ 53.9 Ether ( USD 215,350) ဖြစ်ပြီး CryptoPunks ရဲ့ 52.69 Ether (USD 210,515) ထက် ပိုများလာပါတယ်။ နောက်မှပေါ်လာတဲ့ Bored Ape Yacht Club ဟာ အရင်ကတည်းက ရှိနေတဲ့ CryptoPunks ရဲ့ ဈေးထက် ပထမဆုံး အကြိမ် များပြားလာတာ ဖြစ်ပါတယ်။

Why Bored Ape Avatars Are Taking Over Twitter | The New Yorker

The Block Crypto ရဲ့ ဒေတာတွေအရ Bored Ape Yacht Club ရဲ့ NFTs ကြမ်းခင်းဈေးဟာ ဒီနှစ်ထဲမှာ တစ်ဖြည်းဖြည်း တိုးတက်ခဲ့ပြီး တစ်ဖြည်းဖြည်း ကျဆင်းလာတဲ့ CryptoPunks ကို အမှီလိုက်လာပါတယ်။

ဒီလို ဈေးနှုန်း ပြောင်းလဲလာတာက Bored Ape Yacht Club ပိုင်ရှင်တွေဟာ သူတို့ရဲ့ NFTs တွေအတွက် စီးပွားဖြစ် လိုင်စင် အပြည့်အဝရထားပြီး CryptoPunks ပိုင်ရှင်တွေမှာ မရကြလို့ ဖြစ်တယ်လို့ CoinTelegraph က ပြောပါတယ်။

ဒါ့အပြင် Bored Ape Yacht Club မှာ နာမည်ကျော်ကြား လူသိများသူတွေနဲ့ အားကစားသမားတွေ ဝယ်ယူခဲ့ကြလို့ ဖြစ်ပါတယ်။ NBA စူပါစတား Stephen Curry ဟာ NFTs ၁ ခုကို ဒေါ်လာ ၁၈၀,၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး သူ့ရဲ့ တွစ်တာ ပရိုဖိုင် အဖြစ် အသုံးပြုခဲ့ပါတယ်။ နာမည်ကျော် ရက်ပါ Snoop Dogg ကလည်း အဲဒီအတိုင်း ပြုလုပ်ခဲ့ပါတယ်။ Bored Ape Yacht Club ဟာ Universal Music ၊ Adidas တို့လို နာမည်ကျော် ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းထားပါတယ်။

Ref : markets.businessinsider