EU ဟာ လာမဲ့ ၂၀၂၄ ခုနှစ်ကစပြီး အသေးစားနဲ့ အလတ်စား အီလက်ထရောနစ်ပစ္စည်းတွေ (အဓိကအားဖြင့် စမတ်ဖုန်းတွေ) မှာ USB-C ကို မဖြစ်မနေသုံးစွဲဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်ပါတယ်။ အတည်ပြုထုတ်ပြန်ဖို့ အစည်းအဝေးထပ်ပြီး လုပ်ရဦးမှာဆိုပေမဲ့ သေချာသလောက်ဖြစ်နေပါပြီ။

USB-C ကို ဘုံသုံးအဖြစ်သတ်မှတ်ခြင်းကို အချို့သောအမေရိကန်နိုင်ငံရေးသမားတွေကလည်း စိတ်ဝင်စားနေသလို ဘရာဇီးရဲ့ Wireless regulator ကလည်း သူ့နိုင်ငံသားတွေ လိုက်လျောညီထွေဖြစ်စေဖို့ အလားတူသတ်မှတ်ခြင်းပြုလုပ်ဖို့ တောင်းဆိုနေပါတယ်။

Anatel ဟာ ဘရာဇီးနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ သဘောထားကို အကဲဖြတ်တဲ့ Public Consultation 45/2022 ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ Anatel ရဲ့ အဆိုပြုချက်မှာ Tablets, handheld consoles, headphones, speakers, ebook readers နဲ့ အလားတူ electronics ပစ္စည်းတွေပါဝင်တဲ့ EU ရဲ့ စည်းမျဉ်းသစ်နဲ့မတူဘဲ စမတ်ဖုန်းတွေသာ ပါဝင်ပါတယ်။

အေဂျင်စီဟာ Connector သာမကဘဲ Charging protocol ကိုလည်း စံအဖြစ် သတ်မှတ်လိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် retail package နဲ့ manual မှာလည်း လိုအပ်တဲ့ အနည်းဆုံး ပါဝါလိုအပ်မှုနဲ့ အမြန်အားသွင်းစနစ်ကို ပံ့ပိုးမှုရှိမရှိလည်း ညွှန်ပြရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ USB-C ကြိုးတပ်အားသွင်းနိုင်တဲ့ ဖုန်းတွေအတွက်ပဲ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းဖုန်းတွေအတွက်တော့ တံခါးဖွင့်ထားတယ်လို့ပဲ ဆိုနိုင်ပါတယ်။

Ref: GSM Arena