Safer Internet Day မှာ Google ဟာ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့အချက်အလက်တွေကို မလိုလားအပ်တဲ့ ဟက်ကာတွေရဲ့ရန်ကနေ ကင်းလွတ်အောင်လုပ်ဆောင်ရမဲ့ အဆင့်အချို့ကိုဖော်ပြထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

Google ဟာ Khan Academy နဲ့ ပူးပေါင်းပြီး တစ်ကမ္ဘာလုံးက အသုံးပြုသူပေါင်း ၁၈ သန်းအတွက် အွန်လိုင်းဘေးကင်းလုံခြုံရေးအရောင်းအရာတွေကို ဖန်တီးဖို့အတွက် ရန်ပုံငွေဒေါ်လာ ၅ သန်း ထုတ်ပေးမယ်လို့ သိရပါတယ်။ “Identity ခိုးယူမှုကို ဘယ်လိုရပ်တန့်မလဲ” ဆိုတာအတွက် ရှာဖွေမှုဟာ ၂၀၂၁ ခုနှစ်မှာ နှစ်ဆကျော်တိုးလာခဲ့တယ်လို့ Google က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ Google ဟာ အသုံးပြုသူပေါင်း သန်း ၁၅၀ ကျော်ကို Tow-step verification ဆီ အလိုအလျောက် စာရင်းသွင်းခဲ့ပါတယ်။ ဒါဟာ Device သစ်တစ်ခုမှာ Google အကောင့်ကိုအသုံးပြုချိန်မှာ အခြား Lock in ဝင်ပြီးသား ကွန်ပျူတာ ဒါမှမဟုတ် စမတ်ဖုန်း တစ်ခုခုဆီ သတိပေးချက်တစ်ခု ဝင်ရောက်လာပြီး အဆိုပါ Device ကတစ်ဆင့် အကောင့်ဝင်ခြင်းကို အတည်ပြုပေးတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို စတင်လိုက်ကတည်းက Google ဟာ Hack ခံရတဲ့အကောင့်တွေ ၅၀% အထိ လျော့ကျသွားတာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လာမဲ့လမှာလည်း Google ဟာ သူ့ရဲ့ အကောင့်အဆင့်မြှင့်တင်ထားတဲ့ Browsing လုပ်ဆောင်ချက်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ “ဝက်ဘ်ပေါ်က ခြိမ်းခြောက်မှုတွေနဲ့ အသုံးပြုသူရဲ့ Google အကောင့်ကို ကျယ်ပြန့်တဲ့လုံခြုံရေးအကာအကွယ်ပေးဆောင်တဲ့ ရွေးချယ်မှုလုပ်ဆောင်ချက်” ဖြစ်လာပါလိမ့်မယ်။

Ref: GSM Arena