လူသိများတဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ ByteDance ဟာ “TikTok Payment” အတွက် ကုန်အမှတ်တံဆိပ်သစ်မှတ်ပုံတင်ခွင့်ကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာအဆင့်သတ်မှတ်ချက်ရဲ့ အမျိုးအစားသတ်မှတ်ချက် ၃၆ မျိုးမှာ “ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု” အနေနဲ့ပါရှိပြီး၊ အခုအချိန်မှာတော့ အတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ByteDance ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကတည်းက ငွေပေးချေမှုလိုင်စင်ကို ရရှိခဲ့တာဖြစ်ပါတယ်။ UIPay ကို ဝယ်ပြီးတဲ့နောက် တရုတ်မှာ ကိုယ်ပိုင်ငွေပေးချေစွမ်းလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကုမ္ပဏီဟာ အခြားငွေပေးချေမှုစနစ်နဲ့အတူ အသုံးပြုသူအတွေ့အကြုံကိုတိုးတက်စေဖို့ အထောက်အကူပြုမယ်လို့ ကြေညာခဲ့ပါတယ်။

လူကြိုက်များတဲ့ဖျော်ဖြေရေးဗီဒီယိုအတိုလေးတွေမျှဝေနိုင်တာကြောင့် အောင်မြင်လာတဲ့ကုမ္ပဏီဟာ ၂၀၂၀ ဇွန်လကတည်းက Third party payments နဲ့ အာမခံအတွက် ဘဏ္ဍာရေးဆိုင်ရာလိုင်စင်သုံးခုကို ရယူနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီအချိန်မှာ ByteDance ရဲ့ အခြားထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုသူတွေအတွက် ဝန်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။

ByteDance ဟာ ကိုယ်ပိုင်ငွေပေးချေစနစ်ကို မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာစတင်ခဲ့ပြီး၊ ဒီနှစ်အစပိုင်းမှာ ကွန်ရက်တည်ဆောက်ခြင်းနဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေခြင်းဖြေရှင်းမှုကို ပံ့ပိုးပေးနိုင်တဲ့ပလက်ဖောင်းကို တာဝန်ယူမယ့်အဖွဲ့ကိုတိုးချဲ့ဖို့ ကြိုးစားလာခဲ့တာကို တွေ့ရပါတယ်။ ByteDance ဟာ စင်္ကာပူလိုနိုင်ငံတွေမှာ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်လည်း လျှောက်ထားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Ref: Gizmochina