TikTok ကိုပိုင်ဆိုင်တဲ့ ByteDance ဟာ Virtual Reality (VR) Space ကို ဝင်ရောက်ဖို့ အလေးအနက်ထားလုပ်ဆောင်နေတယ်လို့ Protocol ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ကုမ္ပဏီဟာ VR နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖို့အတွက် ငွေကို တန်နဲ့ချီ ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ByteDance ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲက ကြီးမားတဲ့ဝေစုဟာ အလုပ်ခန့်ထားခြင်းအတွက် အသုံးပြုလိုက်ပုံရပါတယ်။ Protocol ရဲ့ မှတ်တမ်းအရ ByteDance ပြီးခဲ့တဲ့နှစ်တုန်းက ဝယ်ယူခဲ့တဲ့ တရုတ်နိုင်ငံက VR headset ပြုလုပ်သူ Pico အတွက် အလုပ်အကိုင်စာရင်းပေါင်း ၄၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

အလုပ်အကိုင်နေရာဖွင့်လှစ်မှုအတော်များများဟာ Pico Studios ရဲ့ ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်က အနောက်ဘက်ကမ်းရိုးတမ်းအခြေစိုက် ရုံးခွဲတွေအတွက် ဖြစ်ပြီး Head of VR game strategy ကနေ Game operation manager အထိ ပါဝင်ပါတယ်။ အခြားရာထူးတွေကတော့ Optical engineer နဲ့ System design electrical engineer နေရာတွေအတွက် ဖြစ်ပါတယ်။

Pico ရဲ့ Head of consumer sales listing ဟာ သူတို့ရဲ့ US မှာ တည်ရှိမှုတစ်ခုထူထောင်ဖို့အတွက် ရှာဖွေနေတဲ့အလားအလာဖြစ်တယ်လို့ Protocol က ထောက်ပြထားပါသေးတယ်။ အလုပ်ဖော်ပြချက်မှာ လျှောက်ထားသူတွေဟာ “အမေရိကန်စားသုံးသူဈေးကွက်က Pico ရဲ့ အလုံးစုံသော ထုတ်ကုန်ရောင်းအားနဲ့ ဈေးကွက်ချဲ့ထွင်ခြင်းအတွက် တာဝန်ရှိသည်” ဆိုတာလည်း ပါဝင်နေပါတယ်။

Ref: The Verge