[Unicode]

အမေရိကန် Gamers တွေ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းမှာ အဝယ်အများဆုံး ဂိမ်းတွေကို သိလာရပါပြီ။ Call of Duty က ရောင်းအား အကောင်းဆုံး စာရင်းမှာ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားတာက အံ့အားသင့်စရာ မဟုတ်ပါဘူး။ အဲဒီဂိမ်းရဲ့ အထက်မှာတော့ နာမည်ကျော် Grand Theft Auto 5 က ရပ်တည်နေပါတယ်။ NPD Group က ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်မှာ ရောင်းအား အကောင်းဆုံး ဂိမ်း စာရင်းကို ထုတ်ပြန်ကြေညာလိုက်တာပါ။

နံပါတ် ၁ နေရာကို Grand Theft Auto 5 က သိမ်းပိုက်ထားပြီး အဲဒီဂိမ်းဟာ အစောပိုင်း Single-player ဂိမ်း အဖြစ် စတင်ခဲ့ကတည်းက ရောင်းအားကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ GTA Online Multiplayer Mode ကို ပြုလုပ်ပေးခဲ့တဲ့အတွက် နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ Rockstar နဲ့ GTA ဟာ ဒုစရိုက် ဆန်ဆန် ကစားရတာဖြစ်လို့ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ Red Dead Redemption 2 ဟာလည်း အရမ်း မိုက်တဲ့ ဂိမ်း ဖြစ်တဲ့အတွက် ရောင်းအား အကောင်းဆုံး ဂိမ်းစာရင်းမှာ ပါလာပါတယ်။

အံ့အားသင့်စရာကောင်းတာက ရောင်းအား အကောင်းဆုံး ဂိမ်း ၁၀ ခုစာရင်းမှာ Call of Duty Series တွေဟာ ၇ နေရာကို သိမ်းပိုက်ထားတာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ထွက်ခဲ့တဲ့ Call of Duty ဂိမ်း ၁၀ ခုစလုံးဟာ ရောင်းအား အကောင်းဆုံး ဂိမ်း ၂၀ စာရင်းမှာ ပါဝင်နေပါတယ်။ အရမ်း နာမည် မကြီးတဲ့ ဂိမ်းတောင် စာရင်းထဲ ပါနေပါတယ်။ NPD ရဲ့ လေ့လာဆန်းစစ်သူ Mat Piscatella က ၂၀၁၉ ခုနှစ်မှာ Call of Duty ရောင်းအား ဆက်တိုက်ကောင်းခဲ့တဲ့ ၁၁ နှစ်မြောက် နှစ်ဖြစ်တယ်လို့ ပြောပါတယ်။

Ref : tnw

[Zawgyi]

Call of Duty နဲ႔ Grand Theft Auto တို႔ ၁၀ စုႏွစ္အတြင္း ေရာင္းအား အေကာင္းဆုံး ဂိမ္းေတြျဖစ္လာ

အေမရိကန္ Gamers ေတြ ၿပီးခဲ့တဲ့ ၁၀ စုႏွစ္ေတြအတြင္းမွာ အဝယ္အမ်ားဆုံး ဂိမ္းေတြကို သိလာရပါၿပီ။ Call of Duty က ေရာင္းအား အေကာင္းဆုံး စာရင္းမွာ နံပါတ္ ၂ ေနရာကို သိမ္းပိုက္ထားတာက အံ့အားသင့္စရာ မဟုတ္ပါဘူး။ အဲဒီဂိမ္းရဲ႕ အထက္မွာေတာ့ နာမည္ေက်ာ္ Grand Theft Auto 5 က ရပ္တည္ေနပါတယ္။ NPD Group က ၂၀၁၀ ကေန ၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္မွာ ေရာင္းအား အေကာင္းဆုံး ဂိမ္း စာရင္းကို ထုတ္ျပန္ေၾကညာလိုက္တာပါ။

နံပါတ္ ၁ ေနရာကို Grand Theft Auto 5 က သိမ္းပိုက္ထားၿပီး အဲဒီဂိမ္းဟာ အေစာပိုင္း Single-player ဂိမ္း အျဖစ္ စတင္ခဲ့ကတည္းက ေရာင္းအားေကာင္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ GTA Online Multiplayer Mode ကို ျပဳလုပ္ေပးခဲ့တဲ့အတြက္ နံပါတ္ ၁ ေနရာကို သိမ္းပိုက္လိုက္ႏိုင္တာလည္း ျဖစ္ပါတယ္။ Rockstar နဲ႔ GTA ဟာ ဒုစ႐ိုက္ ဆန္ဆန္ ကစားရတာျဖစ္လို႔ ၿပီးခဲ့တဲ့ ၁၀ စုႏွစ္အတြင္းမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။ Red Dead Redemption 2 ဟာလည္း အရမ္း မိုက္တဲ့ ဂိမ္း ျဖစ္တဲ့အတြက္ ေရာင္းအား အေကာင္းဆုံး ဂိမ္းစာရင္းမွာ ပါလာပါတယ္။

အံ့အားသင့္စရာေကာင္းတာက ေရာင္းအား အေကာင္းဆုံး ဂိမ္း ၁၀ ခုစာရင္းမွာ Call of Duty Series ေတြဟာ ၇ ေနရာကို သိမ္းပိုက္ထားတာပါ။ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ ထြက္ခဲ့တဲ့ Call of Duty ဂိမ္း ၁၀ ခုစလုံးဟာ ေရာင္းအား အေကာင္းဆုံး ဂိမ္း ၂၀ စာရင္းမွာ ပါဝင္ေနပါတယ္။ အရမ္း နာမည္ မႀကီးတဲ့ ဂိမ္းေတာင္ စာရင္းထဲ ပါေနပါတယ္။ NPD ရဲ႕ ေလ့လာဆန္းစစ္သူ Mat Piscatella က ၂၀၁၉ ခုႏွစ္မွာ Call of Duty ေရာင္းအား ဆက္တိုက္ေကာင္းခဲ့တဲ့ ၁၁ ႏွစ္ေျမာက္ ႏွစ္ျဖစ္တယ္လို႔ ေျပာပါတယ္။

Ref : tnw