Call recording ဟာ စမတ်ဖုန်းအတော်များများမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ အခြေခံ Feature တွေထဲမှာပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Samsung Galaxy စမတ်ဖုန်းပိုင်ရှင်တွေတိုင်းတော့ ဒီ Feature ကို မရရှိကြပါဘူး။ နိုင်ငံအလိုက် ကွဲပြားခြားနားစွာ ရရှိနေကြတာပါ။

အကြောင်းရင်းကတော့ မတူညီတဲ့နိုင်ငံတွေနဲ့ မတူညီတဲ့တရားဥပဒေတွေကြောင့်ပါပဲ။ ဒေသဆိုင်ရာဥပဒေတွေကြောင့် Call recording feature ကို Samsung Galaxy ဖုန်းသုံးစွဲသူတိုင်း မရရှိတာပါ။ Third-party app တွေကို အစားထိုးသုံးစွဲနည်းနဲ့ ဖြေရှင်းနိုင်ပေမဲ့ Samsung Fan တွေကတော့ Default dialer app မှာ Built-in လုပ်ဆောင်ချက်အဖြစ် ကြိုတင်ထည့်သွင်းထားတာကို ပိုကြိုက်ကြတာလည်း ဖြစ်ပါတယ်။

Samsung Galaxy စမတ်ဖုန်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ဈေးကွက်တွေမှာ အသုံးပြုနိုင်သလဲဆိုတဲ့မေးခွန်းကို တိတိကျကျဖြေဖို့ ခက်ခဲခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ Call recording ရရှိတဲ့ ဈေးကွက်စာရင်းကို တွေ့ရှိလာကြပါပြီ။ စာရင်းက တိုတောင်းပြီး ရရှိတဲ့နိုင်ငံကလည်း အတော်လေးကို နည်းပါးနေတာကို တွေ့မြင်ရပါတယ်။

Call recording ကို Samsung Galaxy စမတ်ဖုန်းတွေမှာ တရားဝင်ထောက်ပံ့ပေးထားတဲ့နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အစ္စရေး၊ လာအို၊ လစ်ဗျား၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ တူနီးရှား၊ ယူကရိန်းနဲ့ ဗီယက်နမ် တို့ပဲ ဖြစ်ပါတယ်။

Ref: sammobile