မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Facebook၊ Instagram နဲ့ Tik Tok တွေ ပိုပြီး လူကြိုက်များ ရေပန်းစားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေ၊ Brand Owner တွေအနေနဲ့လည်း ဒီ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် အရောင်းအဝယ်တွေ လုပ်ဆောင်နေကြတာကို ပိုပြီးတွေ့လာရပါတယ်။

Facebook ပေါ်မှာ live လွှင့်ပြီး Real time response နဲ့ ရောင်းသူ ဝယ်သူ အပြန်အလှန် ဆက်သွယ်ရင်း ဈေးရောင်းတာတွေကစလို့ Product ပုံလေးတွေ တင်ပြီး လုပ်ငန်း Page တွေကတစ်ဆင့် ဈေးရောင်းတာတွေ၊ Facebook Group တွေကတစ်ဆင့် ရောင်းတာတွေအပြင်၊ Tik Tok မှာ ဗီဒီယိုအတိုလေးတွေနဲ့ Product အကြောင်း စိတ်ဝင်တစားပြောပြပြီး ရောင်းကြတာတွေက ပိုပြီးခေတ်စားလာပါတယ်။

ဒါတင်ဘယ်ကမလဲ E-Commerce Platform တွေကတစ်ဆင့် ဈေးဝယ်တာတွေကလည်း ပိုပြီး ခေတ်စားလာပါတယ်။ ဒီလို E-Commerce တွေ အများကြီးထဲမှာမှ သုံးရတာ အတော်လွယ်တဲ့ KBZPay Market အကြောင်း Sharing လုပ်ပေးချင်ပါတယ်။

ကျွန်တော့ အမြင်အရ ပြောရရင် KBZPay Market ရဲ့ User Interface က တော်တော် ရိုးရှင်းတဲ့အထဲပါတယ်။ KBZPay App မှာရှိတဲ့ KBZPay Market ထဲဝင်လိုက်တော့ ပထမ Home Page မှာ Feature အတော်စုံတာတွေ့တယ်ဗျ။ ပစ္စည်းတွေကို အမျိူးအစားအလိုက်ခွဲပြထားတာတွေ၊ Promotion အစီအစဉ်အကြောင်းတွေ၊ ကူပွန်အကြောင်းတွေ စုံစုံလင်လင်ပြထားတော့ user အနေနဲ့ သုံးရတာအတော်အဆင်ပြေတယ်။

ကိုယ်သိချင်တာကို ကလစ်နှိပ်လိုက်တာနဲ့ ပြည့်ပြည့်စုံစုံသိရတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်အတွက်လိုတာရော မိသားစုအတွက်လိုတာရော ဘာတွေရှိဦးမလဲဆိုပြီး App ထဲ မွှေနှောက်ကြည့်လိုက်တာ ပစ္စည်းအသေးလေးတွေကစလို့ အဲကွန်းတွေ၊ ဖုန်းတွေအထိပါ တော်တော်များများ ရှိတာတွေ့ရတယ်။

ကျွန်တော့်လို နေ့စဉ်ဘဝမှာ အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်၊ လူမှုရေးကိစ္စတွေတစ်ဖက်နဲ့ အချိန်လုနေရသူအဖို့တော့ တကူးတကအပြင်သွားပြီး လိုချင်တာတွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရှာနေစရာလည်းမလိုတော့ အချိန်ကုန်လည်းသက်သာတယ်၊ လူပင်ပန်းလည်း အတော်သက်သာသွားတယ်ပြောရမယ်။

နောက်ထပ် KBZPay Market နဲ့ ပတ်သက်ပြီး သဘောကျတာတွေကတော့ ပရိုမိုးရှင်းအစီအစဉ်တွေ ရှိနေတာပါပဲ။ Original ဈေးတွေထက် ပိုသက်သာတာတွေလည်းရှိတော့ အခုလို ချွေတာနေရတဲ့အချိန်မျိုးနဲ့ဆို ကွက်တိပဲ။ ပြီးတော့ ကိုယ်လိုချင်တာကို Check Out လုပ်ပြီး၊ ငွေရှင်းတဲ့အခါ KBZPay နဲ့ ရှင်းရုံဆိုတော့ သိပ်ပြီးအလုပ်မရှုပ်တော့ဘူး။

ပြီးတော့ ကျွန်တော် လိုက်ဖတ်ကြည့်မိသလောက် တွေ့မိတာတော့ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းက Error ပါနေတာမျိုးဆိုရင် (၄၈) နာရီအတွင်း ပြန်လဲပေးတယ်လို့ တွေ့ထားတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုစနစ်တွေပါတော့ စိတ်ချလက်ချဝယ်လို့ရတာပေါ့လေ။ ပုံမှန် အွန်လိုင်းရှော့တွေမှာဈေးဝယ်ရင် Pre-paid လုပ်ပြီးရင်တောင် ပစ္စည်းများ လာပို့ပါ့မလား၊ Scam လုပ်သွားမလားတွေ ပူနေရသေးတယ်။ KBZPay Market မှာဝယ်ရင်တော့ အဲဒီလိုစိတ်ပူစရာတွေ မရှိဘူးဗျ။ ကျွန်တော့်အနေနဲ့တော့ လိုချင်တာလည်းကြိုက်သလိုမှာလို့ရတယ်၊ စိတ်ချလက်ချလည်း ဝယ်လို့ရတယ်၊ ကိုယ် ဘယ်ပဲရောက်နေနေ အချိန်၊ နေရာမရွေး အွန်လိုင်းကနေ ဈေးဝယ်ထွက်လို့ရတဲ့ KBZPay Market ကို စာဖတ်သူ ပရိသတ်တွေအတွက်ပါ မျှဝေပေးလိုက်ပါတယ်။

KBZPay Market မှာ ဈေးမဝယ်ဖူးသေးဘူးဆိုရင် သွားဝယ်ကြည့်လိုက်ဖို့ Recommend ပေးပါတယ်။ ဈေးဝယ်နည်းတွေ၊ လျှော့ဈေးတွေ၊ ကူပွန်တွေသုံးနည်းကို သူတို့ Page မှာ တင်ပေးထားတာတွေရှိတော့ အသေးစိတ်သွားကြည့်ပြီး ဝင်ဝယ်ကြည့်လိုက်ကြပါဦးဗျာ။

KBZPay