[Unicode]
Canalys က ၂၀၁၉ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Apple ဟာ အဲဒီ ကွာတားမှာ စမတ်ဖုန်း အလုံးရေ ၇၈ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Huawei နဲ့ Samsung တို့ကို ကျော်တက်ကာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ ခရစ်စမတ် ကာလမှာ Apple ဟာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။
Apple ဟာ ၂၀၁၇ နဲ့ ၂၀၁၈ တွေမှာလည်း အဲဒီကွာတားမှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး ၃ နှစ်ဆက်တိုက် ချန်ပီယံဆုကို ထိန်းသိမ်းထားနိုင်တာက ချီးကျူးစရာပါ။ ခရစ်စမတ် ကာလမှာ iPhone ကို ပိုကြိုက်ကြတယ်ဆိုတာ သိသာနေပါတယ်။
ဒါပေမယ့် ဖုန်းရောင်းအားတွေကတော့ ၁ နှစ်ထက် ၁ နှစ် ကျဆင်းနေပါတယ်။ လေ့လာဆန်းစစ်သူ Shengtao Jin က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒေါ်လာ ၁၀၀ အောက် ဖုန်းတွေဟာ ရောင်းအား အကောင်းဆုံးဖြစ်နေပြီး ဥပမာပြရရင်တော့ Vivo Y91C ပါ။ iPhone 11 ဟာလည်း အဲဒီနိုင်ငံတွေမှာ ရောင်းအား တက်လာခဲ့ပြီး iOS ကို လူတွေ ပိုစိတ်ဝင်စားလာတာကို တွေ့နိုင်ပါတယ်။
Canalys က ၂၀၁၉ တစ်နှစ်လုံးရဲ့ ဖုန်း ရောင်းအားကိုလည်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီစာရင်းမှာတော့ Samsung က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး နံပါတ် ၂ နေရာမှာ Huawei ရှိနေပါတယ်။ Huawei ဟာ ကွာတား ၄ မှာ ရောင်းအား ကျခဲ့ပေမယ့် ၂၀၁၉ တစ်နှစ်လုံး ရောင်းအားက ၂၀၁၈ ကထက် ၁၇ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ Apple ကတော့ ၂၀၁၈ ကထက် ၂၀၁၉ မှာ ရောင်းအား ကျသွားပါတယ်။
Ref : gsmarena
[Zawgyi]
၂၀၁၉ ကြာတား ၄ မွာ ဖုန္း ေရာင္းအား အေကာင္းဆုံး ျဖစ္ခဲ့တဲ့ Apple
Canalys က ၂၀၁၉ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလကေန ဒီဇင္ဘာလအတြင္း ကမာၻ႔ စမတ္ဖုန္း ေရာင္းအား စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Apple ဟာ အဲဒီ ကြာတားမွာ စမတ္ဖုန္း အလုံးေရ ၇၈ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ၿပီး Huawei နဲ႔ Samsung တို႔ကို ေက်ာ္တက္ကာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္လိုက္ပါတယ္။ ခရစ္စမတ္ ကာလမွာ Apple ဟာ ခ်န္ပီယံျဖစ္လာခဲ့ပါတယ္။
Apple ဟာ ၂၀၁၇ နဲ႔ ၂၀၁၈ ေတြမွာလည္း အဲဒီကြာတားမွာ နံပါတ္ ၁ ေရာင္းအား အေကာင္းဆုံး ျဖစ္ခဲ့ၿပီး ၃ ႏွစ္ဆက္တိုက္ ခ်န္ပီယံဆုကို ထိန္းသိမ္းထားႏိုင္တာက ခ်ီးက်ဴးစရာပါ။ ခရစ္စမတ္ ကာလမွာ iPhone ကို ပိုႀကိဳက္ၾကတယ္ဆိုတာ သိသာေနပါတယ္။
ဒါေပမယ့္ ဖုန္းေရာင္းအားေတြကေတာ့ ၁ ႏွစ္ထက္ ၁ ႏွစ္ က်ဆင္းေနပါတယ္။ ေလ့လာဆန္းစစ္သူ Shengtao Jin က ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ေဒၚလာ ၁၀၀ ေအာက္ ဖုန္းေတြဟာ ေရာင္းအား အေကာင္းဆုံးျဖစ္ေနၿပီး ဥပမာျပရရင္ေတာ့ Vivo Y91C ပါ။ iPhone 11 ဟာလည္း အဲဒီႏိုင္ငံေတြမွာ ေရာင္းအား တက္လာခဲ့ၿပီး iOS ကို လူေတြ ပိုစိတ္ဝင္စားလာတာကို ေတြ႕ႏိုင္ပါတယ္။
Canalys က ၂၀၁၉ တစ္ႏွစ္လုံးရဲ႕ ဖုန္း ေရာင္းအားကိုလည္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အဲဒီစာရင္းမွာေတာ့ Samsung က နံပါတ္ ၁ ေနရာကို သိမ္းပိုက္ထားၿပီး နံပါတ္ ၂ ေနရာမွာ Huawei ရွိေနပါတယ္။ Huawei ဟာ ကြာတား ၄ မွာ ေရာင္းအား က်ခဲ့ေပမယ့္ ၂၀၁၉ တစ္ႏွစ္လုံး ေရာင္းအားက ၂၀၁၈ ကထက္ ၁၇ ရာခိုင္ႏႈန္းတိုးတက္လာပါတယ္။ Apple ကေတာ့ ၂၀၁၈ ကထက္ ၂၀၁၉ မွာ ေရာင္းအား က်သြားပါတယ္။
Ref : gsmarena