Canalys က Apple ဟာ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ ဥရောပမှာ စမတ်ဖုန်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အားလပ်ရက် ကာလမှာ iPhone 15 Pro နဲ့ Pro Max ကြောင့် Apple ရောင်းအားကောင်းခဲ့တာာပါ။ ဒါပေမယ့် ၂၀၂၃ ခုနှစ်တစ်နှစ်လုံးမှာ Samsung က ရောင်းအားအကောင်းဆုံး  ဖြစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁၂၉.၈ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ရဲ့ ၁၄၀.၈ သန်းထက် ၈ ရာခိုင်နှုန်း နည်းခဲ့ပါတယ်။ စွမ်းရည်မြင့် စမတ်ဖုန်းတွေဟာ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ ဥရောပမှာ ရောင်းအားစံချိန်တင်ခဲ့ပါတယ်။

Canalys ရဲ့ လေ့လာဆန်းစစ်သူ Runar Bjorhovide က ၄၀ ရာခိုင်နှုန်းနီးပါးဟာ ဒေါ်လာ ၈၀၀ အထက် ဖုန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဖုန်း ၄ လုံးမှာ ၃ လုံးဟာ iPhone ဖြစ်ပြီး Samsung က ၁၆ ရာခိုင်နှုန်းနဲ့ နောက်ကလိုက်နေပါတယ်။

Apple ရဲ့ အနောက်မှာ Samsung နဲ့ Xiaomi တို့ ရပ်တည်နေပြီး Motorola က နံပါတ် ၄ နဲ့ Honor က နံပါတ် ၅  ရထားပါတယ်။ Canalys က ကုမ္ပဏီငယ်လေးတွေဟာ အနာဂတ်မှာ ဈေးကွက်ဝေစု တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ရေရှည်မှာ ကုမ္ပဏီတွေဟာ AI နည်းပညာတွေ ထည့်သွင်းကာ User Experience ပိုကောင်းအောင် အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ AI ကို ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်အောင် User တွေကို သင်ကြားပေးရမှာပါ။

Ref : gsmarena