[Unicode]

Canalys က လာမယ့်နှစ်အနည်းငယ်အတွင်းမှာ Headphones တွေရဲ့ ရောင်းအားဟာ အရမ်းကို တိုးတက်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ စမတ်ဖုန်းတွေကတော့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး Smart Device တွေဖြစ်နေဦးမှာပါ။ Canalys က ၂၀၂၃ မှာ Smart Device အလုံးရေ ၃ ဘီလီယမ်ကို ကမ္ဘာအဝန်းမှာ ရောင်းချနိုင်မှာဖြစ်ပြီး ၂၀၁၉ ရဲ့ ၂.၄ ဘီလီယမ်ထက် ပိုများလာမှာပါ။ အဲဒီထဲက တစ်ဝက်ဟာ စမတ်ဖုန်းဖြစ်ပြီး အလုံးရေ ၁.၅ ဘီလီယမ်လောက် ရောင်းအားရှိမှာပါ။ စမတ်ဖုန်း ရောင်းအား အနည်းငယ်တိုးတက်လာနိုင်ပေမယ့် PCs, Laptop နဲ့ Tablet တွေကတော့ ရောင်းအားကျနေမှာပါဆိုပြီး Canalys က ခန့်မှန်းထားပါတယ်။

ဒုတိယ ရောင်းအား အကောင်းဆုံးက တစ်ကိုယ်ရေသုံး Audio Device တွေဖြစ်ပြီး အဲဒီထဲမှာ True Wireless Headsets (TWS) ကနေ Ear Headphones တွေအထိ ပါဝင်ပါတယ်။ ၂၀၂၃ မှာ အလုံးရေ ၇၂၆ သန်း ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Canalys က ဒီနှစ်ထဲမှာ တစ်ကိုယ်ရေသုံး Audio Device အလုံးရေ သန်း ၄၉၀ ရောင်းချနိုင်ပြီး အရင်နှစ်ကထက် ၃၂.၁ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

အရွယ်ကြီး Audio Gadgets တွေဖြစ်တဲ့ Smart Speakers တွေဟာ Headphones ပြီးနောက် ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်မှာ အလုံးရေ သန်း ၁၅၀ လောက် ရောင်းချရနိုင်ပြီး ဈေးကွက်ဝေစု ၂၁.၇ ရာခိုင်နှုန်းတိုးတက်လာမှာပါ။ ၂၀၂၃ မှာ Smart Speaker တွေဟာ Smart Bands တွေလောက် လူကြိုက်များလာမှာပါ။ Apple AirPod နဲ့ Watch တွေရဲ့ ရောင်းအားဟာ ဒီနှစ်ကုန်မှာ Mac နဲ့ iPad တွေကို ကျော်တက်သွားနိုင်တယ်လို့ Canalys က သုံးသပ်ပါတယ်။

Ref : gsmarena

[Zawgyi]

Bluetooth Headphones ေတြဟာ ဒုတိယေရာင္းအား အေကာင္းဆုံး Smart Device ျဖစ္လာႏိုင္

Canalys က လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ Headphones ေတြရဲ႕ ေရာင္းအားဟာ အရမ္းကို တိုးတက္လာမယ္လို႔ ခန႔္မွန္းလိုက္ပါတယ္။ စမတ္ဖုန္းေတြကေတာ့ နံပါတ္ ၁ ေရာင္းအား အေကာင္းဆုံး Smart Device ေတြျဖစ္ေနဦးမွာပါ။ Canalys က ၂၀၂၃ မွာ Smart Device အလုံးေရ ၃ ဘီလီယမ္ကို ကမာၻအဝန္းမွာ ေရာင္းခ်ႏိုင္မွာျဖစ္ၿပီး ၂၀၁၉ ရဲ႕ ၂.၄ ဘီလီယမ္ထက္ ပိုမ်ားလာမွာပါ။ အဲဒီထဲက တစ္ဝက္ဟာ စမတ္ဖုန္းျဖစ္ၿပီး အလုံးေရ ၁.၅ ဘီလီယမ္ေလာက္ ေရာင္းအားရွိမွာပါ။ စမတ္ဖုန္း ေရာင္းအား အနည္းငယ္တိုးတက္လာႏိုင္ေပမယ့္ PCs, Laptop နဲ႔ Tablet ေတြကေတာ့ ေရာင္းအားက်ေနမွာပါဆိုၿပီး Canalys က ခန္႔မွန္းထားပါတယ္။

ဒုတိယ ေရာင္းအား အေကာင္းဆုံးက တစ္ကိုယ္ေရသုံး Audio Device ေတြျဖစ္ၿပီး အဲဒီထဲမွာ True Wireless Headsets (TWS) ကေန Ear Headphones ေတြအထိ ပါဝင္ပါတယ္။ ၂၀၂၃ မွာ အလုံးေရ ၇၂၆ သန္း ေရာင္းခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ Canalys က ဒီႏွစ္ထဲမွာ တစ္ကိုယ္ေရသုံး Audio Device အလုံးေရ သန္း ၄၉၀ ေရာင္းခ်ႏိုင္ၿပီး အရင္ႏွစ္ကထက္ ၃၂.၁ ရာခိုင္ႏႈန္း တိုးတက္လာႏိုင္တယ္လို႔ ေျပာပါတယ္။

အ႐ြယ္ႀကီး Audio Gadgets ေတြျဖစ္တဲ့ Smart Speakers ေတြဟာ Headphones ၿပီးေနာက္ ဒုတိယ ေရာင္းအား အေကာင္းဆုံး ျဖစ္လာႏိုင္ပါတယ္။ ဒီႏွစ္မွာ အလုံးေရ သန္း ၁၅၀ ေလာက္ ေရာင္းခ်ရႏိုင္ၿပီး ေဈးကြက္ေဝစု ၂၁.၇ ရာခိုင္ႏႈန္းတိုးတက္လာမွာပါ။ ၂၀၂၃ မွာ Smart Speaker ေတြဟာ Smart Bands ေတြေလာက္ လူႀကိဳက္မ်ားလာမွာပါ။ Apple AirPod နဲ႔ Watch ေတြရဲ႕ ေရာင္းအားဟာ ဒီႏွစ္ကုန္မွာ Mac နဲ႔ iPad ေတြကို ေက်ာ္တက္သြားႏိုင္တယ္လို႔ Canalys က သုံးသပ္ပါတယ္။

Ref : gsmarena