Canalys ရဲ့ စစ်တမ်းအရ အရှေ့တောင်အာရှရဲ့ စမတ်ဖုန်း ရောင်းအားဟာ ကွာတား ၁ မှာ အရင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၂၃ ခုနှစ်မှာ စမတ်ဖုန်း ရောင်းအားကျဆင်းပြီးနောက် ပထမဆုံး ပြန်လည် တိုးတက်လာတာပါ။ ကွာတား ၁ မှာ စမတ်ဖုန်း ရောင်းအားဟာ ၂၃.၅ သန်းရှိပေမယ့် ၂၀၂၃ ခုနှစ် မတိုင်ခင်ကထက် နည်းပါသေးတယ်။

Canalys Smartphone market in Southeast Asia sees 12% growth in Q1 2024

ကွာတား ၁ မှာ ရောင်းအားကောင်းတာဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို နိုင်ငံတချို့မှ Ramdan ကြောင့် ဖြစ်ပြီး Transsion လို တခြား ကုမ္ပဏီတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ဒေါ်လာ ၁၀၀ အောက် ဖုန်းတွေ ရောင်းချပေးလို့ဖြစ်ပါတယ်။

Canalys Smartphone market in Southeast Asia sees 12% growth in Q1 2024

Samsung ကတော့ ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Samsung ဟာ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် ဖုန်းတွေကို အဓိက အာရုံစိုက်လာပါတယ်။

Canalys Smartphone market in Southeast Asia sees 12% growth in Q1 2024

Infinix , Tecno နဲ့ iTel တို့ကို ပိုင်တဲ့ Transsion ဟာ ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာကို ရထားပြီး အရင်နှစ်ကထက် ရောင်းအား ၁၉၇ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။ ကုမ္ပဏီဟာ OPPO နဲ့ Xiaomi တို့ကိုတောင် ကျော်တက်ထားပါတယ်။ Xiaomi ဟာ ကွာတား ၁ မှာ ရောင်းအား ၅၂ ရာခိုင်နှုန်း တိုးတက်လာပြီး OPPO ကတော့ ၁၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Ref : gsmarena