Nothing ကုမ္ပဏီဟာ စမတ်ဖုန်းကုမ္ပဏီတွေကြားမှာ သက်တမ်းအရ ငယ်သေးပေမယ့် OnePlus ရဲ့ ယခင် Co-founder ဟောင်း Carl Pei ကိုယ်တိုင် တည်ထောင်ထားတာဖြစ်တဲ့အတွက် နေရာတစ်ခုရရှိနေပြီဖြစ်ပါတယ်။ Nothing Phone (1) ဆိုရင်လည်း မတူညီတဲ့ Transparent Design အပြင် Gylph Lighting စနစ်ကြောင့် ကွဲထွက်နေခဲ့ပါတယ်။

အခုလည်း Nothing ဟာ မကြာခင်မှာ Nothing Phone (2) ကို မိတ်ဆက်သွားဖို့ စီစဥ််နေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Nothing Phone (2) မှာ Snapdragon 8 Series Chipset ကို အသုံးပြုထားမယ်လို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ Nothing ရဲ့ CEO Carl Pei ကိုယ်တိုင်က အသုံးပြုလာမယ့် Chipset ကို အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် Nothing Phone (2) ဟာ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခုလို Snapdragon 8+ Gen 1 ကို အသုံးပြုလိုက်တာက အမြန်နှုန်းအတွက်တင်မဟုတ်ဘဲ Battery Life ၊​ Network Connectivity ပိုင်းနဲ့ Camera ပိုင်းမှာပါ ပိုမိုစွမ်းဆောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Carl Pei ရဲ့ ပြောကြားချက်အရ Snapdragon 8+ Gen 1 ဟာ Power Consumption နဲ့ Heat Management ပိုင်းမှာ အကောင်းဆုံးဖြစ်ပြီး Snapdragon 8 Gen 2 ကို အဆင့်မြှင့်တင်အသုံးပြုမယ်ဆိုရင် ဖုန်းစျေးနှုန်းကလည်း သိသိသာသာတက်သွားမှာဖြစ်လို့ အခုလို 8+ Gen 1 ကိုပဲ အသုံပြုတာဖြစ်တယ်လို့ သိရပါတယ်။ Nothing Phone (2) ဟာ ယခင် Nothing Phone (1) ထက် စျေးပိုများမှာဖြစ်ပေမယ့် သိသိသာသာကြီး စျေးတက်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Ref – GSM Arena