မသမာသူတွေက နည်းပညာတွေကို နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အဲဒီအထဲမှာ ဒရုန်းတွေလည်း ပါပါတယ်။ ဒရုန်းတွေဟာ မသမာသူတွေလက်ထဲရောက်သွားရင် အန္တရာယ်များပါတယ်။
အခုတော့ ပြင်သစ် နိုင်ငံ ဘော်ဒိုးမှ ရဲတွေက ထောင်တွေထဲကို ဒရုန်းနဲ့ မူးယစ်ဆေးဝါး၊ အရက်၊ iPhone နဲ့ တခြား တားမြစ် ပစ္စည်းတွေ ပို့ဆောင်နေတဲ့ လူ ၃ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
အံ့အားသင့်စရာကောင်းတာက အဲဒီ ဒရုန်းကို မောင်းနှင်ပျံသန်းသူက အသက် ၁၇ နှစ် အရွယ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက် ၁ ယောက် ဖြစ်ပါတယ်။ ပြင်သစ်က ဥပဒေအရ အသက် ၁၇ နှစ်အရွယ်ဟာ ဒရုန်း မောင်းနှင်ခွင့် မရှိပါဘူး။
သူနဲ့အတူ ရာဇဝတ်မှု ကျူးလွန်သူတွေက အရွယ်ရောက်ပြီးသား အမျိုးသမီး ၂ ယောက်ဖြစ်ပါတယ်။ အမျိုးသမီးတွေက ဆယ်ကျော်သက်ကို ဒရုန်း လွှတ်တင်မယ့် နေရာတွေဆီ ကားနဲ့ လိုက်ပို့ကြတယ်လို့ သိရပါတယ်။
ဆယ်ကျော်သက်ရဲ့ အစ်ကိုက ဂရာဒီဂန် အကျဉ်းထောင်မှာ ဒရုန်းနဲ့ ပို့ဆောင်တဲ့ တရားမဝင် ပစ္စည်းတွေကို လက်ခံရယူပြီး ထောင်ထဲမှာ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။
Ref : interestingengineering