Apple နဲ့ Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းတွေကို Customize လုပ်ပြီး ရောင်းချနေတဲ့ Caviar က Samsung Galaxy S24 Ultra အတွက် “Era of Dragon” အမည်ရ ဖုန်း Collection အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။

Caviar Samsung Galaxy S24 Ultra Era of Dragon collection

“Era of Dragon” Collection ရဲ့ အဓိက ဖုန်းက Samsung S24 Ultra Yong မော်ဒယ် ဖြစ်ပြီး ဒေါ်လာ ၁၅,၀၀၀ သတ်မှတ်ထားပါတယ်။ တန်ဖိုးကြီး ပစ္စည်းနဲ့ နည်းပညာကို ပေါင်းစပ်ထားပြီး Black PVD Coating ပါတဲ့ တိုက်တေနီယမ် ကိုယ်ထည့် တပ်ဆင်ထားပါတယ်။ တန်ဖိုးကြီး ဆွစ်ဇာလန် နာရီနဲ့တောင် တူပါတယ်။

Caviar Samsung Galaxy S24 Ultra Era of Dragon collection

၂၄ ကာရက် ရွှေနဲ့ ပုံဖော်ထားတဲ့ ကိုရီးယား နဂါး တစ်ကောင်နဲ့ အလှဆင်ထားပြီး ကျောက်သံပတ္တမြား ၁၉ လုံး ထည့်သွင်းထားတဲ့ နာရီ ၁ လုံးကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ စိန်နဲ့ ပုံဖော်ထားတဲ့ ကြယ် ၃ လုံးလည်း ထည့်သွင်းထားပြီး ၁၂ ရာသီခွင်ကို ပြသထားတဲ့ စက်ဝိုင်း ပါပါတယ်။

Caviar Samsung Galaxy S24 Ultra Era of Dragon collection

အဲဒီ Collection မှာ ၁၂ ရာသီခွင်ကို ပြသထားတဲ့ မော်ဒယ်တွေလည်း ပါဝင်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်က ဒေါ်လာ ၉,၀၀၀ ရှိပါတယ်။

အဲဒီ Collection ကို အကန့်အသတ်နဲ့ ရောင်းချမှာပါ။ Yong မော်ဒယ်ကို ၂၄ လုံးနဲ့ Aries, Pisces, Aquarius,  Taurus အပါအဝင် Zodiac မော်ဒယ်တွေကို ၉၉ လုံးပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmochina