နာမည်ကြီး စမတ်ဖုန်းတွေကို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ Caviar က John Wick Samsung Galaxy S25 Ultra ကို ကြေညာလိုက်ပါတယ်။ Galaxy S25 Ultra Viper လို့ နာမည်ပေးထားပြီး နာမည်ကြီး ရုပ်ရှင် စီးရီး John Wick ကို အခြေပြုကာ ဖန်တီးထားတာ ဖြစ်ပါတယ်။
Galaxy S25 Ultra Viper မှာ အနက်ရောင် တိုက်တေနီယမ် ကိုယ်ထည်ကို အသုံးပြုထားပြီး မာကျောတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ရွှေရောင်တွေကိုလည်း ထည့်သွင်းထားပြီး John Wick အသုံးပြုတဲ့ ပစ္စတို သေနတ် ဒီဇိုင်းကိုလည်း ပေါင်းစပ်ထားပါတယ်။ John Wick ရဲ့ ထုံးစံအတိုင်း တိုက်ခိုက်မှု ပြုလုပ်ရာမှာ သုံးတဲ့ နာရီကိုလည်း ထည့်သွင်းထားပါတယ်။
Caviar က Galaxy S25 Ultra မှာ အာကာသယာဉ် အဆင့် တိုက်တေနီယမ်ကို အသုံးပြုထားပါတယ်။ ၂၄ ကာရက် ရွှေနဲ့ သွန်းလောင်း အလှဆင်ထားပါတယ်။
Galaxy S25 Ultra Viper ကို တစ်လုံးထဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ဝယ်ယူသူအကြိုက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၉,၀၀၀ ဖြစ်ပါတယ်။
ဖုန်းရဲ့ Specs တွေက 6.9” Quad HD+ Dynamic AMOLED Display , Snapdragon 8 Elite , 12GB RAM နဲ့ 1TB Storage တွေ ပါဝင်ပါတယ်။ ကင်မရာတွေက 200MP Main, 50MP Ultrawide , 10MP Telephoto , 50MP Periscope တွေ ဖြစ်ပါတယ်။ 45W Charging ပါတဲ့ 5,000mAh Battery ထည့်ထားပါတယ်။
Ref: Gizmochina