CB Bank ကတ်များအတွက် ထုတ်လုပ်ထားသည့် Mobile Application ဘဏ်ကို လာရောက်စရာ မလိုဘဲ Download ပြုလုပ်ကာ စတင်အသုံးပြုနိုင်သည်။

CB Bank သည် CB Card+ Mobile Application ကို CB Bank ကတ် အသုံးပြုသည့် Customer များအတွက် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ကတ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ဝန်ဆောင်မှုများကို Application တစ်ခုထဲတွင် အလွယ်တကူ ကြည့်ရှု အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် NFC လုပ်ဆောင်ချက်ပါဝင်သော ဖုန်းများဖြင့် VISA Contactless လက်ခံသော ဆိုင်တိုင်းတွင်လည်း ထို Mobile Application ဖြင့် ငွေပေးချေနိုင်မည်ဖြစ်သည်။ CB Card+ Application ကို စတင်အသုံးပြုရန်အတွက် ဘဏ်သို့ သွားရန်မလိုဘဲ အွန်လိုင်းမှ တစ်ဆင့် Google Play Store နှင့် Apple Store တို့တွင် Download လုပ်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

CB Card+ Mobile Application ဖြင့် Discounts များနှင့် Promotions များကို ကြည့်နိုင်ခြင်း၊ Visa Contactless ကတ်လက်ခံသည့် ဆိုင်များတွင် ကတ်မလိုဘဲ ဖုန်းဖြင့် ထိပြီး လုံခြုံစွာ ပေးချေနိုင်ခြင်း၊ ကတ်ကို Block လုပ်သည့် ဝန်ဆောင်မှု၊ Credit Card အကြွေး ပြန်လည်ပေးချေခြင်း၊ ကတ်အချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ အနီးအနားတွင် ရှိသည့် CB Bank ဘဏ်ခွဲများ၊ ATM များနှင့် ချိတ်ဆက်ထားသော ဆိုင်များကို ကြည့်ရှုနိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။

CB Bank ၏ Executive Vice Chairman & Chief Executive Officer ဖြစ်သူ ဦးကျော်လင်းက “CB Bank အနေနဲ့ Customers တွေအတွက် ပိုမိုဆန်းသစ်ပြီး လူနေမှုဘဝကို ပိုမိုပြည့်စုံစေမည့် ဝန်ဆောင်မှုတွေကို အစဥ်အမြဲ ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဆိုရင်ဖြင့် CB Bank ကတ် အသုံးပြုတဲ့၊ Customers တိုင်း ရှိထားသင့်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ကတ်နှင့် ပတ်သက်တဲ့အချက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့အပြင် Visa Contactless လက်ခံတဲ့ ဆိုင်တိုင်းမှာ NFC လုပ်ဆောင်ချက်ပါဝင်တဲ့ ဖုန်းတွေဆိုရင် ဖုန်းနဲ့ ထိပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ Digital Banking Services မှာ ဦးဆောင်နေသည့် ဘဏ်တစ်ခုဖြစ်တဲ့ CB Bank ကနေ ရှေ့ဆက်ပြီးတော့ ပိုမိုဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ Customers တွေအတွက် ပိုမိုလွယ်ကူစေမည့် ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“CB Bank ရဲ့ Mobile Application အသစ်ဖြစ်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်နိုင်တဲ့အပေါ် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ထားရှိတဲ့ သဘောထားဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနေ့ခေတ် ဒစ်ဂျစ်တယ် နည်းပညာသုံးစွဲသူတွေဟာ ရိုးရှင်းပြီး ယုံကြည်ရတဲ့ ငွေပေးချေရေးဆိုင်ရာ Tools တွေကို Online မှာသာမက Offline မှာလည်း အသုံးပြုလိုလာကြပါတယ်။ ဒါ့အပြင် Connected Devices (ဒစ်ဂျစ်တယ် နည်းပညာအသစ်) တွေကို အသုံးပြုပြီး ပိုက်ဆံပေးချေနိုင်တာတွေနဲ့ စီမံခန့်ခွဲမှုအတွက် ပိုမိုလွယ်ကူအဆင်ပြေတဲ့ အတွေ့အကြုံသစ်တွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးများစွာရှိတာကို ကျွန်မတို့အနေနဲ့ တွေ့ရပါတယ်။ ဒီပူးပေါင်းမှုက Visa ရဲ့ ကွန်ရက်ကို ချဲ့ထွင်ပေးနိုင်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှု တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Digital Myanmar ဖြစ်ဖို့ဆိုတဲ့ Visa ရဲ့ ရည်ရွယ်ချက်နဲ့ Cashless Society ဖြစ်ထွန်းရေးအတွက်ပါ ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Ms. Lillian Wang က ပြောကြားခဲ့သည်။

CB Card+ Mobile Application နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက CB Bank ၏ Hot line ဖုန်း ၀၁-၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Source – CB Bank