Huawei က စွမ်းရည်မြင့် P40 Series တွေနဲ့အတူ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Celia ကို ကြေညာခဲ့ပါတယ်။ အခုတော့ EMUI 10.1.0.121 Update နဲ့အတူ အဲဒီ စမတ်ဖုန်းတွေမှာ Celia ကို ထည့်သွင်းပေးလိုက်ပါတယ်။ Firmware အသစ်ရဲ့ အရွယ်အစားဟာ 1.14GB ဖြစ်ပြီး ဧပြီလရဲ့ Security Patch ပါလာပါတယ်။

Celia ဟာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ စပိန် ဘာသာစကားတွေကို နားလည်ပြီး လက်ရှိမှာ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ ချီလီ၊ မက္ကဆီကိုနဲ့ ကိုလမ်ဘီယာ နိုင်ငံတွေမှာ အသုံးပြုနိုင်ပါပြီ။ Celia ကို ရာသီဥတု အခြေအနေတွေ မေးမြန်းတာ၊ Alarm သတ်မှတ်တာ ၊ ဖုန်း ကင်မရာကို အသုံးပြုပြီး စာသားတွေကို ဘာသာပြန်တာ ၊  ဓါတ်ပုံတွေ ရှာဖွေတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် တခြား ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေရဲ့ အလုပ်အားလုံး ပြုလုပ်နိုင်ပါတယ်။ Celia ကို ဆင့်ခေါ်ဖို့ “Hey Celia” လို့ ပြောနိုင်သလို ပါဝါ ခလုတ်ကို ဖိထားနိုင်ပါတယ်။

Huawei ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် အသစ်ကို တခြားနိုင်ငံတွေအတွက်လည်း ဖြန့်ချိပေးမယ်လို့ ထင်ပြီး လာမယ့် လအနည်းငယ်အတွင်းမှာ နောက်ဆုံးထုတ် EMUI Build ကို Device များစွာမှာ ပိုရလာမှာပါ။

Ref : gsmarena