Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Galaxy S22 Series Flagship ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။​ ဒီလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ Galaxy S22 Series ဖုန်းတွေရဲ့သတင်းတွေလည်း ဆက်တိုက်ပေါက်ကြားနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Samsung Galaxy S22 Series ဖုန်းတွေရဲ့ Charging Speed နဲ့ ပတ်သက်ပြီး သတင်းမျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။​ တရုတ်နိုင်ငံရဲ့ 3C Certification အရတော့ Galaxy S22 Series ဖုန်းအကုန်လုံးမှာ 25W Charging ပဲ Support ပြုလုပ်မှာဖြစ်ပြီး Denmark နိုငံမှာတော့ Galaxy S22+ နဲ့ S22 Ultra ဖုန်းတွေက 45W Charging Support ပြုလုပ်နိုင်မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။​

ဒါပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Galaxy S22+ ဖုန်းတွေဖြစ်တဲ့ SM/S906E/DS, SM-906E, SM-S9060 နဲ့ S22 Ultra (SM-S908E/DS, SM-908E, SM-S9080, SC-52C, SCG14) ဖုန်းတွေဟာ ဝယ်ယူတဲ့နိုင်ငံပေါ်မူတည်ပြီး 25W Charging သို့မဟုတ် 45W Charging ပါဝင်မယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပုံမှန် Galaxy S22 ဖုန်းအနေနဲ့ကတော့ 45W Charging ကို Support ပေးနိုင်မှာမဟုတ်ဘဲ 25W Charging ကိုပဲ​ထောက်ပံ့ပေးမှာဖြစ်ပါတယ်။​

Samsung Galaxy S22 ဖုန်းဟာ 3700mAh Battery ပါဝင်မှာဖြစ်ပြီး S22+ ဖုန်းက 4500mAh နဲ့ S22 Ultra ဖုန်းမှာတော့ 5000mAh Battery တွေအသီးသီးပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ် Charging Speed နဲ့ ရောင်းချမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။​

Ref – GSM Arena