GPT-5.2 ထွက်ပြီး သိပ်မကြာခင်မှာပဲ OpenAI က နောက်ထပ် ခြေလှမ်းသစ် တစ်ခု စလိုက်ပါပြီ။ အဲဒါကတော့ ပုံထုတ်လုပ်နိုင်စွမ်း ၄ ဆ ပိုမြန်လာတဲ့ ChatGPT Images ဗားရှင်းသစ်ကို ဒီနေ့ မိတ်ဆက်လိုက်တာပါ။ ဒီခြေလှမ်းက Google ရဲ့ Nano Banana Pro ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာ အရမ်းသိသာပါတယ်။ GPT-5.2 က Gemini 3 Pro ကို ယှဉ်ပြိုင်ခဲ့သလိုမျိုးပေါ့။

OpenAI ကတော့ သူတို့ရဲ့ မော်ဒယ်သစ်ဟာ “အသုံးပြုသူတွေရဲ့ စိတ်ကူးနဲ့ ထပ်တူကျအောင် ဖန်တီးပေးနိုင်တယ်” လို့ ကြွေးကြော်ထားပါတယ်။ ပုံပြင်တဲ့အခါ အသေးစိတ်ကအစ တိကျပြီး ကိုယ်ပြင်ချင်တဲ့ အချက်ကိုပဲ ပြင်ပေးကာ ကျန်တဲ့ မူရင်းပုံစံကို လုံးဝ မထိခိုက်စေပါဘူး။ ဒါကြောင့် ဒါကို “အိတ်ဆောင် ဖန်တီးမှု စတူဒီယို” လို့တောင် တင်စားထားပါတယ်။ ပုံတွေကို ပေါင်းစပ်တာ၊ ဖယ်ထုတ်တာ၊ နေရာရွှေ့တာတွေ လုပ်တဲ့အခါ မူရင်းအရသာ မပျက်စေဘဲ လိုချင်တဲ့ ပုံစံအတိုင်း ဖန်တီးပေးနိုင်မှာပါ။

နောက်ပြီး စာရိုက်ပြီး ခိုင်းရတာ ရှုပ်နေရင်လည်း အဆင်သင့် ရွေးလို့ရတဲ့ ပုံစံတွေ ပါလာပါပြီ။ အရင်က AI တွေ အားနည်းတဲ့ စာသားဖော်ပြမှုတွေနဲ့ မျက်နှာသေးသေးလေးတွေ ဝါးနေတာမျိုးတွေကိုလည်း ဒီမော်ဒယ်သစ်မှာ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
အခုဆိုရင် ဒီ ChatGPT Images အသစ်ကို ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုသူတွေ စတင် စမ်းသပ်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
Ref : gsmarena