Samsung ဟာ တန်ဖိုးနည်း 5G စမတ်ဖုန်းတွေကို တိုးချဲ့ထုတ်လုပ်ဖို့ ကြိုးစားနေပြီး ကုမ္ပဏီက Galaxy A32 5G ကို ချပြဖို့ ပြင်ဆင်နေပါတယ်။ ဒါနဲ့တင် Samsung က မကျေနပ်နိုင်သေးပါဘူး။ ဒီထက် တန်ဖိုးနည်းတဲ့ Galaxy A22 5G ကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Samsung Galaxy A21s, Exynos 850 unboxing, camera test - YouTube

Samsung ရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Galaxy A22 5G ကို အဲဒီနိုင်ငံမှာ ဝမ် ၂၀၀,၀၀၀ လောက်နဲ့ ရောင်းချမယ်လို့ သိရတဲ့အတွက် မြန်မာငွေနဲတွက်ရင် ၂ သိန်း ၄ သောင်းလောက်နဲ့ 5G ဖုန်း ကိုင်နိုင်မှာပါ။ Samsung ဒီဖုန်း ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က realme နဲ့ Redmi တို့ရဲ့ တန်ဖိုးနည်း 5G ဖုန်းတွေကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

Galaxy A22 5G ကို အိန္ဒိယနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာလည်း ရောင်းချနိုင်ပြီး ဖွံဖြိုးဆဲ နိုင်ငံတွေမှာ ရောင်းအား ကောင်းနိုင်ပါတယ်။ Galaxy A21 ရဲ့ မျိုးဆက် အဖြစ် နောက်နှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချနိုင်ပါတယ်။ Galaxy A32 5G ကိုတော့ နောက်နှစ် ပထမနှစ်ဝက်မှာ ရောင်းချနိုင်ပါတယ်။

Galaxy A22 5G ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပေမယ့် ဒီပေါက်ကြားဈေးနှုန်းနဲ့ဆိုရင် MediaTek Dimensity 700 Series Chipset ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် မကြေညာရသေးတဲ့ Qualcomm ရဲ့ စွမ်းရည်နိမ့် 6 Series ကို သုံးထားနိုင်ပါတယ်။

Ref : gsmarena