တရုတ်ရဲ့ အမျိုးသား အေဂျင်စီက ထုတ်ပြန်တဲ့ ဒေတာအရ ၂၀၂၃ ခုနှစ်မှာ တရုတ်ရဲ့ နေရောင်ခြည်စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ ပမာဏဟာ ၅၅.၂ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပြီး 216 gigawatts (GW) ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

China can now make more solar power than the rest of the world.

တရုတ်ဟာ ၂၀၂၀ ခုနှစ်မှာ စွမ်းအင် ရည်မှန်းချက်ကို သတ်မှတ်ကြေညာခဲ့ပြီး ၂၀၃၀ ခုနှစ်မှာ နေရောင်ခြည် စွမ်းအင်လို ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အပြည့်အဝ အသုံးချမှာ ဖြစ်ကာ ၂၀၆၀ ခုနှစ်မှာ ကာဘွန်မျှခြေကို တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်အတွက် အစိုးရဟာ ၂၀၃၀ ခုနှစ်မှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် 1,200 GW ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

China Just Built A 250-Acre Solar Farm Shaped Like A Giant Panda

ဒါပေမယ့် တရုတ်ဟာ ရည်မှန်းထားတဲ့ ခုနှစ်ထက် ၅ နှစ်စောကာ အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်ဟာ နေရောင်ခြည် စွမ်းအင် အပြင် လေအား ကနေ လျှပ်စစ်ထုတ်လုပ်တဲ့ ပမာဏဟာလည်း ၂၀.၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါဟာ တရုတ်ရဲ့ သန့်ရှင်းတဲ့ စွမ်းအင်ကို အများအပြားထုတ်လုပ်ဖို့ ရည်မှန်းချက်ကို ပြသနေပါတယ်။

တရုတ်ဟာ ၂၀၂၃ ခုနှစ်မှာ တခြားနိုင်ငံတွေထက် Solar Panel တပ်ဆင်မှု ပိုမိုများပြားခဲ့ပါတယ်။ နေရောင်ခြည် စွမ်းအင် 216.9 gigawatts (GW) ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ရဲ့ 87.4 gigawatts ထက် များပြားခဲ့ပါတယ်။ တရုတ်ရဲ့ နေရောင်ခြည် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ ပမာဏဟာ အမေရိကန်ထက်တောင်များပြားနေပါတယ်။

Ref : interestingengineering