ယာဉ်ထိန်းရဲတွေဟာ ပုံမှန်အားဖြင့် ရေဒီယိုစကားပြောစက်တွေနဲ့ လက်ကိုင်စကင်နာတွေကို အားကိုးခဲ့ရပေမယ့် အခုအခါမှာတော့ နည်းပညာမြင့် စမတ်မျက်မှန်တွေကို အသုံးပြုလာကြပါတယ်။ ဒီမျက်မှန်တွေက ယာဉ်နဲ့ ယာဉ်မောင်းအချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ဖော်ပြပေးနိုင်တာမို့ တော်တော်အသုံးဝင်ပါတယ်။
ဒီ AI မျက်မှန်တွေက ပေါ့ပါးပြီး အဝေးကကြည့်ရင် သာမန်မျက်မှန်တွေနဲ့ တူပါတယ်။ 12MP ကင်မရာနဲ့ ပုံရိပ်ငြိမ်စနစ် ပါဝင်တာကြောင့် လှုပ်ရှားနေချိန်မှာတောင် ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ပြီး တစ်ခါအားသွင်းထားရင် ၈ နာရီအထိ အဆက်မပြတ် အသုံးပြုနိုင်ပါတယ်။ ယာဉ်အချက်အလက်တွေကို မျက်မှန်ရဲ့ မျက်နှာပြင်မှာ ၁ စက္ကန့်၊ ၂ စက္ကန့်အတွင်း ကြည့်ရှုနိုင်တာမို့ ရဲတွေအတွက် အများကြီး အဆင်ပြေစေပါတယ်။

အဓိကထူးခြားချက်ကတော့ နံပါတ်ပြားတွေကို အလိုအလျောက် ဖတ်ရှုနိုင်တာဖြစ်ပြီး အော့ဖ်လိုင်း (Offline) စနစ်မှာတောင် ၉၉% အထိ မှန်ကန်တိကျမှု ရှိပါတယ်။ ယာဉ်တစ်စီးကို ဖတ်မိတာနဲ့ တပြိုင်နက် ရဲတပ်ဖွဲ့ရဲ့ ဒေတာဘေ့စ်နဲ့ ချိတ်ဆက်ပြီး လိုင်စင်သက်တမ်း၊ စည်းကမ်းဖောက်ဖျက်မှု မှတ်တမ်းစတဲ့ အချက်အလက်တွေကို ချက်ချင်း ဖော်ပြပေးနိုင်သလို အလင်းရောင် အခြေအနေအမျိုးမျိုးမှာလည်း ကောင်းစွာ အလုပ်လုပ်နိုင်ပါတယ်။
ဒါ့အပြင် မျက်နှာဖတ်နည်းပညာ၊ ဘာသာစကား ၁၀ မျိုးကျော် ဘာသာပြန်ပေးနိုင်မှုနဲ့ ဗီဒီယိုမှတ်တမ်းတင်နိုင်မှုတွေလည်း ပါဝင်ပါတယ်။ ဒီစနစ်ကြောင့် လမ်းကြောင်းတစ်ခုကို စစ်ဆေးချိန်ဟာ စက္ကန့် ၃၀ ကနေ ၁ စက္ကန့်၊ ၂ စက္ကန့်လောက်အထိ လျော့ကျသွားပြီး လူနဲ့ စစ်ဆေးရတဲ့ အလုပ်တွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်သလို လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
Ref : Gizmochina