တရုတ် ဘက်ထရီ ထုတ်လုပ်သူ Contemporary Amperex Technology Co Ltd (CATL) က လျှပ်စစ် လေယာဉ် ပူးပေါင်း စီမံကိန်းရဲ့ သတင်းအချက်အလက် အသစ်တွေကို ပြောကြားလိုက်ပါတယ်။ ကုမ္ပဏီဟာ ၈ တန် လျှပ်စစ် လေယာဉ်ကို တည်ဆောက်နေပါတယ်။

China firm sets 2027 target for electric plane with 1,800 mile range

15th World Economic Forum Annual Meeting မှာ CATL ရဲ့ အကြီးအကဲ Robin Zeng က ကုမ္ပဏီရဲ့ ဘက်ထရီ အသစ်ဟာ ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်မှာ ၁၂၀၀ ကနေ ၁၈၀၀ မိုင် (၂၀၀၀ ကနေ ၃၀၀၀ ကီလိုမီတာ) အထိ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောပါတယ်။

This New Electric Jet Concept Uses Air Friction to Generate Power

CATL က ၄ တန် လျှပ်စစ် လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းထားပြီးပြီ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ၈ တန် လျှပ်စစ် လေယာဉ်ကို ရောင်းချဖို့ မျှော်မှန်းထားတယ်လို့ Zeng က ပြောပါတယ်။

ကုမ္ပဏီရဲ့ လေယာဉ်မှာ ၂၀၂၃ ခုနှစ် ဧပြီလက ထုတ်လုပ်ခဲ့တဲ့ Condensed ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပြီး လျှပ်စစ် လေယာဉ်အတွက် အထူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းအင် သိပ်သည်းဆဟာ ဆဲလ်တစ်ခုထဲမှာ 500 Wh/kg အထိ ရှိပါတယ်။ အဲဒီ စွမ်းအင် သိပ်သည်းဆဟာ လက်ရှိ လျှပ်စစ်ကား ဘက်ထရီတွေထက် ၂ ဆ ပိုများပါတယ်။

Ref : interestingengineering