ဂွမ်ဇူး အခြေစိုက် Ehang ကုမ္ပဏီရဲ့ EH216-S AAV ဒရုန်းဟာ တရုတ်မှာ ခရီးသည် ပို့ဆောင်ခွင့် လက်မှတ်ရသွားပါတယ်။ ဒါဟာ ကမ္ဘာမှာ ခရီးသည် ပို့ဆောင်ခွင့်ရသွားတဲ့ ပထမဆုံး ဒရုန်းလို့ ပြောနိုင်ပါတယ်။ Ehang ရဲ့ ဒရုန်းမှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။

An EHang all-electric Vertical Takeoff and Landing (eVTOL) two-passenger multicopter aircraft, produced by China's Guangzhou EHang Intelligent Technology, performs an unmanned display flight at an event showcasing a 'Drone Traffic Management System' by the Ministry of Land Infrastructure and Transport, at Yeouido island in Seoul on November 11, 2020. (Photo by Ed JONES / AFP) (Photo by ED JONES/AFP via Getty Images)

တရုတ်မှာ ရသွားတဲ့ Certification အရ Ehang ဟာ တရုတ်မှာ စီးပွားဖြစ် ခရီးသည် ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းဟာ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေမြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ အဲဒီအတွက် လေယာဉ် ပြေးလမ်းတွေ မလိုအပ်ပါဘူး။ အရွယ်အစား သေးငယ်တဲ့အတွက် ကားပါကင်တွေမှာတောင် ရပ်နားနိုင်ပါတယ်။

Ehang ဟာ တရုတ်ရဲ့ မြို့တော် ၁ ခုမှာ ဒရုန်းနဲ့ ခရီးသည်တွေ ပို့ဆောင်ဖို့ စဉ်းစားနေပါတယ်။ ကုမ္ပဏီဟာ ခရီးစဉ် ၁,၂၀၀ ကျော်အတွက် ကြိုတင်ဘွတ်ကင်တွေ ရရှိထားပြီးပါပြီ။ ဒါဟာ မောင်းသူမဲ့ ခရီးသည်တင် ဒရုန်းတွေကို လူတွေ စိတ်ဝင်စားမှု မြင့်မားနေတယ်ဆိုတာကို သက်သေပြနေပါတယ်။

EHang | EHang Announces Progress in EH216-S Type Certification Process as It Enters into More In-Depth Review Phase

လောင်စာဆီသုံး လေယာဉ်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် နည်းပညာ ကုမ္ပဏီတွေက လျှပ်စစ် စွမ်းအင်သုံး ကားပျံနဲ့ ဒရုန်းတွေကို တီထွင်လာကြပါတယ်။ လျှပ်စစ် စွမ်းအင်သုံး ယာဉ်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေသလို အသံဆူညံမှု နည်းပါးတဲ့အတွက် မြို့တွင်း သွားလာဖို့ အဆင်ပြေပါတယ်။

Ref: Fossbytes