တရုတ်နိုင်ငံဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲဒါကတော့ သီးသန့်ဂြိုဟ်တုသုံးပစ္စည်းတွေမပါတဲ့ သာမန်ဖုန်းတစ်လုံးဟာ 5G ဂြိုဟ်တု အင်တာနက်ကို အသုံးပြုပြီး Video Call ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို သရုပ်ပြဂြိုဟ်တုအသစ်တစ်ခုကို အသုံးပြုပြီး စမ်းသပ်ခဲ့တာပါ။ အဲဒီအတွက် အနာဂတ်မှာ ဂြိုဟ်တုအင်တာနက်ဟာ ကမ္ဘာတစ်ဝန်းက နေ့စဉ်သုံးစမတ်ဖုန်းတွေနဲ့ ချောမွေ့စွာ ချိတ်ဆက်အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ လူထူထပ်တဲ့မြို့ကြီးတွေကနေ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းတွေအထိ တစ်ကမ္ဘာလုံးကို အမှန်တကယ် လွှမ်းခြုံနိုင်ဖို့ ဂြိုဟ်တုပေါင်း ၁၃,၀၀၀ လွှတ်တင်မယ့် တရုတ်နိုင်ငံရဲ့ ဧရာမ Guowang အင်တာနက်ဂြိုဟ်တု စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆယ်လူလာတိုင်တွေမလိုဘဲ နေရာတိုင်းကနေ တိုက်ရိုက်အင်တာနက် ထုတ်လွှင့်နိုင်မယ့် အခြေအနေကို စဉ်းစားကြည့်လိုက်ပါ။
ဒါဟာ အထင်ကြီးစရာကောင်းပေမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ကွန်ရက်အမြန်နှုန်း၊ ကုန်ကျစရိတ်တွေနဲ့ ဂြိုဟ်တုတစ်လုံးက တစ်ချိန်တည်းမှာ သုံးစွဲသူဘယ်လောက်ကို ဝန်ဆောင်မှုပေးနိုင်မလဲဆိုတဲ့ စိန်ခေါ်မှုတွေတော့ ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ဒီအောင်မြင်မှုက အနာဂတ်မှာ ဖုန်းလိုင်းပျောက်သွားရင် ပြန်ချိတ်ဆက်ဖို့ ကိုယ့်ခေါင်းပေါ်က ဂြိုဟ်တုတစ်ခုကို စောင့်ဆိုင်းရုံပဲ လိုတော့မယ့် အခြေအနေတစ်ခုကို အရိပ်အမြွက်ပြသနေပါတယ်။
Ref : Viral Fun 2.0